ရေဒီယိုသြစတြေးလျ မြန်မာအစီအစဉ်က ကြိုဆိုပါသည်။ ရေဒီယိုသြစတြေးလျသည် ယုံကြည်စိတ်ချရသော သတင်းဌါန ဖြစ်ပြီး၊ အာရှ နှင့် ပိစိဖိတ် ဒေသတွင်း နေထိုင်သူများ အတွက် ရင်းနှီးနားလည်မှုကို မြှင့်တင်ရန် အတွက် ရေဒီယိုသြစတြေးလျ၏ တာဝန်တစ်ရပ် အဖြစ် ခံယူထားပါသည်။ ရေဒီယိုသြစတြေးလျ မြန်မာအစီအစဉ် အနေဖြင့်မြန်မာ နှင့် သြစတြေးလျနိုင်ငံ နှစ်နိုင်ငံ ကြားတွင် နားလည်မှု များ၊ ရင်းနှီးမှုများ ပိုမိုရရှိနိုင်ရန် မျှော်မှန်းပါသည်။ ရေဒီယိုသြစတြေးလျ မြန်မာအစီအစဉ် သည် ကမ္ဘာ အနှံ့ရောက်ရှိနေသည့် မြန်မာများ အား လုံး အတွက်ဖြစ်သည်။
အင်္ဂလိပ်စာ စကားပြော သင်ခန်းစာ အစီအစဉ်
ရေဒီယို သြစတြေးလျ မြန်မာအစီအစဉ်ကို နားဆင်နေကြသည့် သောတရှင်များအတွက် အင်္ဂလိပ်စကားပြော သင်ခန်းစာ အစီအစဉ်များကို ဇူလိုင်လ (၁၄)ရက်၊ ၂၀၁၁ ခုနှစ်မှ စတင်ပြီး အပတ်စဉ် ကြာသပတေးနေ့တိုင်း နံနက် (၀၅း၃၀) တွင်ထုတ်လွှင့်သော အစီအစဉ်နှင့် နံနက် (၀၇း၃၀) တွင်ထုတ်လွှင့်သော အစီအစဉ်များတွင် ထည့်သွင်း ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။ အင်္ဂလိပ်စကားပြော သင်ခန်းစာ စုစုပေါင်း (၂၆)ပိုင်းကို အပတ်စဉ် ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။ သင်ခန်းစာ ထုတ်လွှင့်ချိန်တွင် မအားမလပ်၍ နားမထောင်လိုက်ရသူ သောတရှင်များနှင့် ထပ်မံနားထောင်ပြီး လေ့ကျင့်လိုသော သောတရှင်များအတွက် ထုတ်လွှင့်ပြီးသော သင်ခန်းစာအစီအစဉ်ဟောင်းများကို စနေနှင့် တနင်္ဂနွေနေ့များတွင် ပြန်လည် ထုတ်လွှင့်ပေးသွားမည် ဖြစ်ပါသည်။
နားဆင်နိုင်သည့် နည်းလမ်းများ
လှိုင်းတို
| မြန်မာစံတော်ချိန် |
ကီလိုဟဒ် (kHz) |
မီတာဘင် |
ဂြိုဟ်တုလှိုင်း
ရေဒီယိုသြစတြေးလျမြန်မာအစီအစဉ်ကို အင်တယ်ဆက်-၈ နှင့် အင်တယ်ဆက်-၁၀ တို့တွင်ကြည်လင်ပြတ်သားစွာရုပ်သံ နှင့် အသံလွှင့်ဌါနများ မှဖမ်းယူနားဆင်နိုင်သည်။
| ဂြိုဟ်တုလှိုင်း |
၃၇၈၇ မီဂါဟဒ် |
| တည်ရှိသည့်အခြမ်း |
ဒေါင်လိုက် |
| ဆန်ဘော်ရိတ် |
၃.၆၁၇ မီဂါဘိုက် |
| တားစီးခြင်း |
အထူးလိုအပ်မှုမရှိ – အခမဲ့ဖြစ်သည် |
| ဖမ်းယူသည့် ကရိယာ |
မည်သည့် DVB-S ဖြင့်မဆိုဖမ်းယူနိုင်သည် |
| ထရန်စပွန်ဒါ |
၆ စီ ပစိဖိတ်ဘင်း |
| ဂြိုဟ်တုလှိုင်း |
၃၈၂၉ မီဂါဟဒ် |
| တည်ရှိသည့်အခြမ်း |
အလျားဘက်ခြမ်း |
| ဆန်ဘော်ရိတ် |
၁၃.၂၃၈ မီဂါဘိုက် |
| တားစီးခြင်း |
အထူးလိုအပ်မှုမရှိ – အခမဲ့ဖြစ်သည် |
| ဖမ်းယူသည့် ကရိယာ |
မည်သည့် DVB-S ဖြင့်မဆိုဖမ်းယူနိုင်သည် |