ကမ္ဘာ့ပူနွေးမှုဟာ ခန့်မှန်းထားတဲ့အတိုင်း မှန်ကန်နေပြီလို့ဆို

ကမ္ဘာ့ပူနွေးမှုဟာ ခန့်မှန်းထားတဲ့အတိုင်း မှန်ကန်နေပြီလို့ဆို

ကမ္ဘာ့ပူနွေးမှုဟာ ခန့်မှန်းထားတဲ့အတိုင်း မှန်ကန်နေပြီလို့ဆို

နောက်ဆုံးရေးသားချိန် 10 December 2012, 10:49 AEST

မကြာသေးခင်က ​ကာတား ​နိုင်ငံ ​ဒိုဟာ ​မြို့မှာ ​ကျင်းပပြီးစီးသွားတဲ့  ​ရာသီ ​ဥတု ​ပြောင်းလဲ ​ရေး ​ဆိုင် ​ရာ ​ညီလာခံမှာ ​- ​ကုလသမဂ္ဂကနေ ​ကမ္ဘာ့ရာသီ ​ဥတု ​ပူနွေးမှုနှုန်းဟာ ​ခန့်မှန်းထားတဲ့ ​အတိုင်း ​မှန်ကန်နေပြီ ​ဆိုတာကို ​အတည်ပြုခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ​နှစ် ​၂၀ ​လောက်က ​ကမ္ဘာကြီး ​ပူနွေးမှုနှုန်းကို ​ကုလသမဂ္ဂ ​သိပ္ပံဆိုင်ရာ ​ကျွမ်းကျင်သူတွေက ​ခန့်မှန်း ​သတိပေး ​ခြဲ့ပီး ​အခု ​အခါမှာ ​ခန့်မှန်း ​ခဲ့တဲ့ ​နှုန်းထား ​အတိုင်း ​ပူနွေးနေပြီဖြစ်တယ်လို့ ​ဆိုပါတယ်။

ကမ္ဘာ့ ​ရာသီဥတုပူ ​နွေးလာနေတာ ​နဲ့ ​ပတ်သက်ပြီး ​ညီလာခံတွေတခု ​ပြီး ​တခု ​ပြုလုပ်ခဲ့ပြီး ​ဘာမှ ​အကောင်ထည် ​ဖေါ်နိုင်မှုမရှိဘူးလို့ ​ကျွမ်းကျင်သူတွေ ​ကပြောပါတယ်။

၁၉၉၀ပြည့် ​နှစ်က ​ကမ္ဘာ့ ​နိုင်ငံအသီးသီးက ​အစိုး ​ရတွေပါဝင်တဲ့ ​ညီလာခံမှာ ​နှစ် ​(၄၀) ​အတွင်း ​ကမ္ဘာကြီး ​ပူနွေးလာမှာ ​ဖြစ်တာတွေကို ​ဆွေးနွေးခဲ့ကြပါတယ်။

အခုအခါ ​နှစ် ​(၄၀) ​ရဲ့ ​တဝက်ကို ​ကျိုးလာချိန်မှာ ​ခန့်မှန်းထားတဲ့ ​အတိုင်းမှန်ကန်ပြီ ​ဆို ​တာ ​ကို ​ကြုံတွေ့ ​နေ ​ရ ​ပြီ ​လို့ ​ဆိုပါတယ်။ ​New ​South ​Wales ​တက္ကသိုလ်က ​ပါမောက္ခ

Matt ​England ​ကတော့ ​အခုတွေ့ ​ရှိချက်တွေအရ ​၇ာသီဥတုပူနွေးမှု ​ခန့်မှန်းချက်တွေ ​မှန်ကန်နေပြီ ​ဆို ​တာ ​ကို ​အထောက်အထားပြ ​နေတဲ့ ​အကြောင်း ​- ​ဒီ ​လို ​ဖြစ်လာ ​နေတာ ​တွေကို ​မယုံကြည်သူ ​တွေ ​လမ်းမှားကို ​ရောက်နေကြပြီ ​ဆိုတဲ့အကြောင်း ​- ​ရာသီ ​ဥတုပူနွေးမှု ​ခန့်မှန်းချက်တွေ ​မှန်ကန်နေတာ ​ဟာ ​သုံးသပ်ချက်တွေ ​မှာ ​ရှင်းရှင်းလင်းလင်း ​ကြုံတွေ့ ​နေရ ​ပြီ ​ဖြစ်တယ်လို့ ​ပြောသွားပါတယ်။