တော်ဝင်မိသားစုအတွင်းရေးကိစ္စ ဟာသလုပ်ခဲ့တဲ့အတွက် 2Day FM ဖိအားပေးခံရ

တော်ဝင်မိသားစုအတွင်းရေးကိစ္စ ဟာသလုပ်ခဲ့တဲ့အတွက် 2Day FM ဖိအားပေးခံရ

တော်ဝင်မိသားစုအတွင်းရေးကိစ္စ ဟာသလုပ်ခဲ့တဲ့အတွက် 2Day FM ဖိအားပေးခံရ

နောက်ဆုံးရေးသားချိန် 10 December 2012, 11:02 AEDT

သြစတြေးလျနိုင်ငံ ​ဆစ်ဒနီ ​မြို့က ​ရေဒီယို ​ဌါန ​တခု ​ဖြစ်တဲ့ ​2DayFM  ​ဟာ ​ဗြိတိန် ​နိုင်ငံက ​တော်ဝင်မိသားစုဝင် ​ဆေးရုံတင်နေတုန်း ​ဟာသ ​သဘောမျိုးနဲ့ ​ပြုလုပ်ခဲ့ပြီးနောက် ​အဲဒီကိစ္စမှာ ​ပါဝင်ခဲ့တဲ့  ​ဆေးရုံက ​သူနာပြု ​ဆရာမ ​တဦး ​မိမိကိုယ်ကို ​သေကြောင်း ​ကြံသေဆုံးသွားတဲ့ ​အတွက် ​ဗြိတိန်နိုင်ငံ ​က ​မှုခင်း ​စစ်ဆေး ​ရေး ​Scotland ​Yard ​ကနေ ​ရေဒီယိုဌာနကို ​မှုခင်းစစ်ဆေးရေး ​တွေပြုလုပ်နေပါတယ်။

ဗြိတိန် ​ဘုရင်မ ​ရဲ့ ​မြေး ​ဖြစ်တဲ့  ​တော်ဝင်မင်းသား  ​William  ​ရဲ့ဇနီး ​သည်  ​Kate ​ကိုယ်ဝန် ​ဆောင် ​တဲ့ ​သတင်းတွေ ​နဲ့ ​ပတ်သက်ပြီး ​သြစတြေးလျ ​နိုင်ငံက ​ရေဒီယို ​ထုတ်လွှင့်သူ ​တွေ ​က ​ဟာသ ​သဘော ​မျိုးနဲ့ ​တော်ဝင်ဆေးရုံ ​နဲ့ ​ဆက်သွယ် ​အပြီး ​-- ​အခင်းမှာ ​ပါဝင်တဲ့ ​သူနာပြုဆရာမ ​ဟာ ​သူ့ ​ကိုယ်သူ ​သေကြောင်း ​စီရင်သွားပါတယ်။ 

သြစတြေးလျ ​နိုင်ငံက ​ရေဒီယိုဌါနက ​တယ်လီဖုန်းနဲ့ ​ဆေး ​ရုံကို ​ဆက်သွယ်ပြီး ​ဘုရင်မ ​နဲ့ ​အိမ်ရှေ့မင်းသား ​အဖြစ် ​ယောင်ဆောင်မေးမြန်းခဲ့တာကို ​သူနာပြုဆရာမ ​Jacintha ​Saldanha ​က ​သူနာပြုနောက်တယောက် ​ကို ​တယ်လီဖုန်း ​လိုင်းလွှဲပေးလိုက်တာဖြစ်ပါတယ်။

တော်ဝင်ဆေးရုံက ​နေ ​ရေဒီယိုဌါနကို ​အကြီးအကျယ်ဒေါသ ​ဖြစ်တဲ့ ​စာကိုရေးသားခဲ့ ​ပြီး ​- ​မှုခင်း ​ဆိုင်ရာအမှု ​ကိုလဲ ​ဖွင့်ခဲ့ပါတယ်။

သြစတြေးလျ ​နိုင်ငံက ​ရေဒီယို ​ဌါနကလဲ ​မှုခင်းတပ်ဖွဲ့တွေ ​နဲ့ ​အတူပူးပေါင်း ​လုပ်ကိုင် ​နေပြီလို့ ​တုန့်ပြန်ခဲ့ပါတယ်။ ​အခင်းမှာ ​ပါဝင်ခဲ့ ​တဲ့ ​ရေဒီယို ​အနောင်စာ ​၂ဦး ​ဟာ ​လဲ ​စိတ်ကျန်းမာရေး ​အခြေအနေ ​အတွက်ကုသမှု ​ခံနေရတယ်လို့ ​ဆိုပါတယ်။

ကိုယ့်ကိုကိုယ် ​သေကြောင်းကြံခဲ့သူ ​သူနာပြုဆရာမ ​Jacintha ​Saldanha ​ဟာ ​ဆေးရုံမှာ ​အလုပ်လုပ်ကိုင်နေတာ ​(၃) ​နှစ်ကျော်လောက် ​ရှိ ​ပြီး ​သားသမီး ​၂ဦး ​ရှိသူ ​ဖြစ်တယ်လို့ ​လဲသိ ​ရ ​ပါတယ်။


 

Did ​they ​break ​the ​law?