Australia Votes 2016

The latest news, analysis and colour from the campaign trail from around the ABC.

 

တကျော့ပြန် Bopha မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်း

တကျော့ပြန် Bopha မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်း

တကျော့ပြန် Bopha မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်း

ရေးသားချိန် 10 December 2012, 11:12 AEDT

ဖိလိပိုင်နိုင်ငံကို ​ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ​Bopha ​လေမုန်တိုင်းဟာ ​ဖိလိပိုင်နိုင်ငံထဲကို ​တကျော့ပြန် ​ပြန်လည်ဝင်ရောက် ​တိုက်ခတ်ခဲ့တဲ့အတွက် ​မိုးသည်းထန်စွာရွာသွန်းမှုတွေဖြစ်နေပြီး ​ရေကြီးမှုတွေ၊ ​မြေပြိုမှုတွေ ​ဖြစ်မှာကို ​စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့အခေါက်က ​ဖိလိပိုင်နိုင်ငံတောင်ပိုင်းမှာ ​ဝင်ရောက်ခဲ့တဲ့ ​Bopha ​မုန်တိုင်းကြောင့် ​လူပေါင်း ​၁၄၀၀ ​နီးပါး ​သေဆုံး ​ဒါမှမဟုတ် ​ပျောက်ဆုံးနေပါတယ်။

ဒီတချီမှာ ​ပြန်လည်ဝင်ရောက်လာတဲ့ ​Bopha ​မုန်တိုင်းဟာ ​ဖိလိပိုင်နိုင်ငံ ​မြောက်ပိုင်းကို ​ဝင်ရောက်တာဖြစ်ပြီး ​ပထမအကြိမ်လောက် ​အင်အားမပြင်းထန်ပေမယ့် ​မိုးသည်းထန်မှုတွေ ​ဖြစ်စေတဲ့အတွက် ​လျှပ်တပြတ်ရေကြီးမှုတွေနဲ့ ​မြေပြိုမှုတွေ ​ဖြစ်နိုင်တယ်လို့လည်း ​ပြည်သူ့ကာကွယ်ရေးအရာရှိ ​Benito ​Ramos ​က ​ပြောပါတယ်။ ​ဒီအတွက် ​ကြိုတင်ပြင်ဆင်မှုတွေ ​လုပ်နေပြီလို့လည်း ​ဆိုပါတယ်။

ဒုက္ခသည်တွေ ​လမ်းဘေးမှာ ​တောင်းစားနေကြ

 

ပထမအကြိမ်ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ​မုန်တိုင်းအတွင်း ​သေဆုံးမှုတွေ၊ ​ပျက်စီးမှုတွေ ​များလွန်းတဲ့အတွက် ​ကူညီထောက်ပံ့မှုတွေ ​အခက်အခဲဖြစ်နေပြီး ​ဒုက္ခသည်တချို့ဟာ ​လမ်းဘေးမှာ ​တောင်းစားနေရတယ်လို့ ​သိရပါတယ်။

ဆန်နဲ့ ​ခေါက်ဆွဲတွေကို ​အချိုးအစားလိုက်ရရှိကြပေမယ့် ​လုံလောက်မှုမရှိတဲ့အတွက် ​တောင်းစားနေရသလို ​နေစရာ ​တဲအိမ်တွေဆောက်ဖို့အတွက် ​အကူအညီတွေ ​အရေးပေါ်လိုအပ်နေတယ်လို့လည်း ​သိရပါတယ်။

ဖိလိပိုင်နိုင်ငံကို ​ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ​Bopha ​မုန်တိုင်းဟာ ​မြန်မာနိုင်ငံကို ​၂၀၀၈ ​ခုနှစ်က ​ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ​နာဂစ်ဆိုင်ကလုန်းမုန်တိုင်းလောက် ​အင်အားပြင်းထန်မှု ​ရှိခဲ့ကြောင်းလဲ ​သိရပါတယ်။