စက်မှုအခက်ခဲကြောင့် ဒုံးကျဉ်မလွှတ်တင်ဖို့ မြောက်ကိုးရီးယား ဆုံးဖြတ်

စက်မှုအခက်ခဲကြောင့် ဒုံးကျဉ်မလွှတ်တင်ဖို့ မြောက်ကိုးရီးယား ဆုံးဖြတ်

စက်မှုအခက်ခဲကြောင့် ဒုံးကျဉ်မလွှတ်တင်ဖို့ မြောက်ကိုးရီးယား ဆုံးဖြတ်

နောက်ဆုံးရေးသားချိန် 10 December 2012, 11:19 AEST

မြောက်ကိုးရီးယားနိုင်ငံက ​တာဝေးပစ်ဒုံးကျဉ်တစ်လုံး ​ပစ်လွှတ်ဖို့ ​ပြောခဲ့ပေမယ့် ​စက်ပိုင်းဆိုင်ရာအခက်အခဲကြောင့် ​အစီအစဉ်ကို ​ရပ်နားလိုက်ပြီလို့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။

မြောက်ကိုးရီးယားနိုင်ငံပိုင် ​သတင်းတွေထဲမှာတော့ ​စက်ပိုင်းဆိုင်ရာအခက်အခဲကြောင့် ​ဒုံးကျဉ်ပစ်လွှတ်ဖို့ ​ရပ်ရွှေ့ဆိုင်းလိုက်ရတယ်လို့ ​ကြေငြာခဲ့ပါတယ်။

တောင်ကိုးရီးယားနိုင်ငံပိုင် ​Yonhap ​သတင်းမှာတော့ ​မြောက်ကိုးရီးယားက ​ဒုံးကျဉ်ပစ်လွှတ်မယ့် ​ပြင်ဆင်မှုတွေအားလုံးကို ​ရပ်နားလိုက်တာဖြစ်တယ်လို့ ​ဖော်ပြထားပါတယ်။

နှင်းတွေ ​ထူထပ်စွာကျဆင်းမှုတွေက ​မြောက်ကိုးရီးယားရဲ့ ​အစီအစဉ်ကို ​နှောင့်နှေးစေတာဖြစ်နိုင်တယ်လို့လည်း ​ခန့်မှန်းနေကြပါတယ်။

မြောက်ကိုးရီးယားနိုင်ငံကတော့ ​အာကာသလေ့လာရေးအနေနဲ့ ​ဒုံးကျဉ်ပစ်လွှတ်မှာဖြစ်တယ်လို့ ​ထွက်ဆိုနေပေမယ့် ​အမေရိကန်၊ ​ဂျပန်နဲ့ ​တောင်ကိုးရီးယားနိုင်ငံကတော့ ​နျူကလီးယားလက်နက်ကို ​စမ်းသပ်တာ ​ဖြစ်တယ်လို့ ​စွပ်စွဲထားပါတယ်။

ဂျပန်နိုင်ငံကလည်း ​ဂျပန်နိုင်ငံကို ​ထိခိုက်မယ့် ​ဒုံးကျဉ်ရဲ့ ​အပိုင်းအစတွေကို ​ပစ်ချမယ်လို့ ​ကြိုတင်သတိပေးခဲ့ကြောင်းလည်း ​သိရပါတယ်။

ပြီးခဲ့တဲ့ ​ဧပြီလတုန်းကလည်း ​မြောက်ကိုးရီးယားနိုင်ငံဟာ ​Unha-3 ​လို့ခေါ်တဲ့ ​တာဝေးပစ်ဒုံးကျဉ်ကို ​လွှတ်တင်ခဲ့ပေမယ့် ​မိနစ်ပိုင်းအတွင်းမှာပဲ ​ပင်လယ်ဝါထဲ ​ထိုးကျပျက်စီးခဲ့ပါတယ်။