သံဃာ ငါးပါးကို ထိုင်းနိုင်ငံမှာ ဆေးကုသပေးမယ်

သံဃာ ငါးပါးကို ထိုင်းနိုင်ငံမှာ ဆေးကုသပေးမယ်

သံဃာ ငါးပါးကို ထိုင်းနိုင်ငံမှာ ဆေးကုသပေးမယ်

ရေးသားချိန် 10 December 2012, 11:42 AEDT

လက်ပန်းတောင်းတောင် ​သပိတ်စခန်းတွေဖြိုခွဲခံရပြီးနောက် ​မန္တလေးဆေးရုံမှာ ​ဆေးကုသမှုခံယူနေတဲ့ ​သံဃာတော်၅ပါးကို ​ထိုင်းနိုင်ငံမှာ ​ဆေးကုသနိုင်ဖို့စီစဉ်နေတယ်လို့ ​သိရပါတယ်။

ဒဏ်ရာအခြေအနေပြင်းထန်တဲ့ ​ဆရာတော်တပါးကို ​ထိုင်းနိုင်ငံမှာ ​အရင်ဆုံးကုသနိုင်ဖို့စီစဉ်နေတာဖြစ်ပြီး ​အခုလိုတာဝန်ယူဆေးကုသပေးဖို့အတွက် ​ဆရာတော်တပါးကကမ်း ​လှမ်းခဲ့တာလို့ ​ပြောပါတယ်။

ဒဏ်ရာရရှိတဲ့ ​သံဃာတော်တွေကို ​ထိုင်းနိုင်ငံမှာ ​ဆေးသွားကုဖို့အတွက် ​အခြေအနေနဲ့ပတ်သက်ပြီး ​ဒဏ်ရာရသံဃာတော်တွေကို ​ကူညီစောင့်ရှောက်ရေးပေးနေတဲ့ ​အဖွဲ့က ​ဦးသု(ခေါ်)ဦးဝိမလက ​အခုလိုမိန့်ကြားပါတယ်။

အခုလက်ရှိဆေးကုသနေတဲ့ ​ဆရာတော် ​ဦးသိက္ခဥာဏရန်ကုန်ဆေးရုံကို ​ဦးပဇင်းတို့သွားမယ်၊ ​ရန်ကုန် ​ဆေးရုံကတဆင့် ​ထိုင်းနိုင်ငံမှာ ​ဆေးသွားကုဖို့ ​ဦးပဇင်းတို့ ​စီစဉ်နေပါတယ်၊ ​ဆရာတော်ဦးသိက္ခဥာဏအပါအ၀င် ​၅ပါးပေါ့နော် ​ကျန်တဲ့သံဃာတွေကိုလည်း ​ဦးပဇင်းတို့ ​ဒီကျန်းမာရေးစောင့်ကြည့်ပြီးတော့ ​ထိုင်နိုင်ငံကို ​ပို့ဖို့ ​လည်းအစီစဉ်ရှိပါတယ်။ 

ဆရာတော်ဦးသိက္ခဥာဏကို ​ထိုင်းနိုင်ငံမသွားခင်မှာ ​ရန်ကုန်ဆေးရုံကြီးမှာ ​ဆက်လက်ကုသပြီး ​နိုင်ငံကူးလက်မှတ်တွေ၊ ​ပြည်ဝင်ခွင့်ဗီဇာတွေအတွက် ​စီစဉ်ပေးနေတယ်လို့ ​သိရပါတယ်။ ​ လောလောဆယ်ဒဏ်ရာပြင်းထန်တဲ့ ​ဆရာတော်ဦးသိက္ခဥာဏကို ​အရင်ဆုံးပို့ပြီးကုသနိုင်ဖို့ ​စီစဉ်နေပြီး ​တခြားလေးပါးကိုတော့ ​နောက်ပိုင်းမှာ ​စီစဉ်ပေးမှာဖြစ်ကြောင်း ​ဆရာတော်ဦးသု(ခေါ်)ဦးဝိမလက ​အခုလိုဆက် ​လက်မိန့်ကြားပါတယ်။

အခုလက်ရှိဦးပဇင်းတို့ ​ထိုင်းနိုင်ငံကိုပို့ဖို့စီစဉ်တဲ့ ​ဆရာတော် ​ဦးသိက္ခဥာဏကတော့ ​ဒီနောက်စေ့ပိုင်းပေါ့နော်၊ ​ခေါင်းနဲ့ ​နောက်ကျောပိုင်းမှာ ​တော်တော်လေးကို ​မီးလောင်ကျွမ်းထားတဲ့ ​ဒဏ်ရာရှိတယ်၊ ​ပြီးတော့ ​မျက်နှာပိုင်းနဲ့ ​ရင်ဘတ်ကို ​လက် ​၅လုံးလောက်ပဲ ​လွတ်တာရှိတယ်၊ ​ကျန်တဲ့နေရာတကိုယ်လုံးက ​မီးလောင်ကျွမ်းတဲ့ ​ဒဏ်ရာပါ ​တယ်၊ ​အဲဒါကြောင့်မို့လို့ ​ဦးပဇင်းတို့ ​ဒီဆရာတော်ကို ​အရေးပေါ်အခု ​ဒီရန်ကုန်ကနေတဆင့် ​ထိုင်းနိုင်ငံကို ​သွားကုဖို့ ​စီစဉ်နေပါတယ်၊ ​ကျန်တဲ့ဆရာတော်တွေတော့ ​ခြေထောက်တို့ ​၊ ​ပေါင်တို့ ​၊ ​ဒီမျက်လုံးတို့ ​အဲလိုမျိုးအစရှိ ​တဲ့နေရာတွေပေါ့ ​၊ ​ဦးပဇင်းတို့ ​၅ပါးပေါ့ ​လက်ရှိရွှေးချယ်ထားတာပေါ့နော် ​။ 

ဒီဇင်ဘာ၈ရက်နေ့မှာလည်းမီးလောင်ဒဏ်ရာတွေကြောင့်မန္တလေးဆေးရုံမှာတက်ရောက်ကုသနေတဲ့ဆရာတော်တွေကို ​ထိုင်းနိုင်ငံက ​အရေပြားအထူးကုဆရာဝန်က ​လာရောက်ကြည့်ရှု့ခဲ့တယ်လို့ ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

 

သမ္မတကိုယ်တိုင် ​တောင်းပန်ဖို့ ​သံဃာတော်တွေ ​တောင်းဆို

 

ပြီးခဲ့တဲ့ ​စနေနေ့တုန်းက ​ရန်ကုန်မြို့မှာ ​သံဃာတော်တချို့ ​ဆန္ဒပြခဲ့ကြပြီး ​ကြေးနီစီမံကိန်းသပိတ်စခန်းဖြိုခွင်းမှုနဲ့ပတ်သက်ပြီး ​သမ္မတဦးသိန်းစိန်ကိုယ်တိုင် ​တာဝန်ယူပြီးတော့ ​တောင်းပန်ဖို့ ​တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသံဃတော်တွေက ​ဒီကိစ္စမှာ ​သမ္မတအနေနဲ့ ​အပြစ်မကင်းဘူးလို့ ​မြင်တဲ့အကြောင်း၊ ​သံဃာတော်တွေကို ​ကိုယ်တိုင်မတောင်းပန်ရင်တောင် ​မြန်မာ့ရုပ်မြင်သံကြားကနေတဆင့် ​တောင်းပန်ရင်လည်း ​ကျေနပ်နိုင်ကြောင်း ​ပြောပါတယ်။

သပိတ်စခန်းအကြမ်းဖက်ဖြိုခွင်းမှု ​စဖြစ်စ ​နှစ်ရက်အတွင်းမှာပဲ ​သံဃာတော်တွေကို ​ရဲချုပ်ကနေ ​တောင်းပန်ခဲ့ပြီး ​ပြီးခဲ့တဲ့ ​သောကြာနေ့တုန်းကလည်း ​မြန်မာနိုင်ငံ ​သာသနာ့ရေးရာဝန်ကြီး ​ဦးမြင့်အောင်ကလည်း ​ဆရာတော် ​၂၉ ​ပါးရှေ့မှာ ​တောင်းပန်မှု ​ပြုခဲ့ကြောင်းလည်း ​အေဖက်ဖ်ပီ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

 

 

ကဏ္ဍများ