ငြိမ်းချမ်းရေးလမ်းလျောက်အဖွဲ့နဲ့ လမ်းလျောက်သူ နိုင်ငံခြားသား ပိတ်ပင်ခံရ

ငြိမ်းချမ်းရေးလမ်းလျောက်အဖွဲ့နဲ့ လမ်းလျောက်သူ နိုင်ငံခြားသား ပိတ်ပင်ခံရ

ငြိမ်းချမ်းရေးလမ်းလျောက်အဖွဲ့နဲ့ လမ်းလျောက်သူ နိုင်ငံခြားသား ပိတ်ပင်ခံရ

နောက်ဆုံးရေးသားချိန် 31 January 2013, 8:53 AEST

ရန်ကုန်ကနေ ​ကချင်ပြည်နယ်ထိ ​ပြည်တွင်းငြိမ်းချမ်းရေးအတွက် ​လမ်းလျှောက်နေကြတဲ့ ​လူငယ်တွေနဲ့ ​အတူ ​ပြင်သစ်နိုင်ငံသားတစ်ဦးလည်း ​ပါဝင်ခဲ့တဲ့ ​အတွက် ​သူ့ကို ​ပဲခူးတိုင်းဒေသကြီး ​အာဏာပိုင်တွေက ​ရန်ကုန်ကို ​ပြန်ပို့လိုက်တယ်လို့ ​သိရပါတယ်။
 

ပြင်သစ်နိုင်ငံသား ​မစ္စတာ ​ခရစ်စ်တိုဖာက ​ဖြစ်ရပ်မှန်မှတ်တမ်း ​Documentary ​ရိုက် ​ကူး ​သူ ​ဖြစ်ပြီး ​မြန်မာ့နိုင်ငံရေး ​အပြောင်းအလဲ ​Change ​ဆိုတဲ့ခေါင်းစဉ်နဲ့  ​Documentary ​ရိုက်နေသူဖြစ်ပါတယ်။

ဖြစ်ရပ်မှန်မှတ်တမ်းလိုက်ရိုက်ရင်း ​ခုလို ​ပြန်ပို့ခံရတာဖြစ်တယ်လို့ ​ခရစ်စတိုဖာရဲ့ ​လုပ်ဖော်ကိုင်ဖက် ​ကိုအောင်မျိုးမြင့်က ​ပြောပြခဲ့ပါတယ်။
"သူနဲ့ ​အဆက်အသွယ်ရတယ်။သူ့ဆီကသိရတာက ​ပထမတုန်းက ​သူ့ကိုခေါ်သွားတယ် ​ခေါ်သွားပြီးတော့တောင်ငူက ​Immegration ​က ​သူ့ကိုခေါ်သွားတယ်။ပြီးတဲ့အချိန်မှာ ​ပဲခူးက ​အကြီးဆုံး ​Immegration ​အရာရှိကနေပြီးတော့ ​သူ့ကို ​ညနေ ​၅ ​နာရီလေယာဉ်နဲ့ ​ဘန်ကောက်ကို ​ချက်ချင်း ​ပြန်ပို့မယ် ​ဆိုပြီးတော့ ​သူသိလိုက်ရတယပေါ့။ ​သူသိလိုက်ရတာက ​မြန်မာပြည်က ​ဒီလိုမျိုး ​အလယ်အလတ်တန်းစား ​ရာထူးရှိတဲ့ ​သူတွေက ​သူတို့ ​ထင်မြင်ယူဆချက်တွေ ​သူတို့ဥပဒေကို ​သူတို့ဘာသာ ​သူတို့ ​ထုတ်ပြန်ကြတယ်လို့ ​မြင်မိတယ်။ ​မီဒီယာတွေကလည်း ​လှမ်းပြီးတော့ ​အင်တာဗျူး ​ဘာညာ ​လုပ်တဲ့ ​အခါကျတော့မှပဲ ​လွတ်လွတ်လပ်လပ် ​ဗီဇာပြည့်တဲ့ထိ ​နေလို့ရတယ်လို့ ​ကျွန်တော်နဲ့ ​ပြန်အဆက်အသွယ်ရလို့ ​သိရတယ်"
အဆိုပါအကြောင်းအရာနဲ့ ​ပတ်သက်ပြီး ​တောင်ငူမြို့နယ် ​လ ​၀ ​က ​အရာရှိ ​ဦးဆန်းဝင်းက ​အခုလိုပြောပါတယ်။

"သူ့ကို ​ကျွန်တော်တို့က ​ရန်ကုန်ပြန်ဖို့ပြောတာပါခင်ဗျာ။မစစ်ဆေးပါဘူးခင်ဗျ။သူ့ကို ​စစ်ဆေးတာလည်း ​မဟုတ်ပါဘူး။ ​ကျွန်တော်တို့က ​မနေ့က ​သူဒီလမ်းလျှောက်တဲ့ ​အဖွဲ့တွေနဲ့ ​မလိုက်ပါနဲ့လို့ ​တားမြစ်တာ။ ​အဲဒါလည်း ​သူ့ကို ​ဒီယာတွေကို ​ဆက်မလိုက် ​ဖို့မေတ္တာရပ်ခံတာပါ။ ​ဆက်မလိုက်ဖို့ ​ပြောတာက ​ကျွန်တော်တို့က ​သူ့ကို ​တိုးရစ်ဆိုတာ ​လွတ်လပ်စွာသွားခွင့်ရပါတယ်ခင်ဗျာ။ ​လုက်လို့ ​ရှိရင် ​သူ့အတွက် ​အန္တရာယ် ​လုံခြုံရေးတွေ ​ဘာတွေ ​ရှိလို့ပါ ​ခင်ဗျာ။ ​သူ့ကို ​ကျွန်တော် ​စိတ်အနှောင့်အယှက်ဖြစ်အောင်မလုပ်ပါ
ဘူးခင်ဗျာ" 

နိုင်ငံတော်သမ္မတရုံး ​ပြောရေးဆိုခွင့်ရှိသူ ​ဦးရဲထွဋ်ကလည်း ​လမ်းလျှောက်တဲ့အဖွဲ့တွေထဲမှာ ​နိုင်ငံခြားသားတစ်ယောက်ပါပြီး ​စိစစ်တဲ့အခါ ​ပြင်သစ်နိုင်ငံသား ​ဖြစ်နေတဲ့အကြောင်း ​ဒါကြောင့် ​ရန်ကုန်ကို ​ပြန်ပို့ပြီး ​ပြင်သစ်သံရုံးကို ​လွှဲပေးလိုက်ပြီလို့ ​အီးမေးလ်ကနေတဆင့်အကြောင်းပြန်ခဲ့တယ်လို့ ​ရေဒီယိုသြစတြေးလျသတင်ထောက် ​မေငယ်က ​သတင်းပေးပို့ခဲ့ပါတယ်။