Australia Votes 2016

The latest news, analysis and colour from the campaign trail from around the ABC.

 

စိတ်ကျန်းမာရေးချို့တဲ့သူတွေကို လူမှု့အသိုင်းဝိုင်းက မပယ်ကြဖို့ ဒေါ်စုပြော

စိတ်ကျန်းမာရေးချို့တဲ့သူတွေကို လူမှု့အသိုင်းဝိုင်းက မပယ်ကြဖို့ ဒေါ်စုပြော

စိတ်ကျန်းမာရေးချို့တဲ့သူတွေကို လူမှု့အသိုင်းဝိုင်းက မပယ်ကြဖို့ ဒေါ်စုပြော

နောက်ဆုံးရေးသားချိန် 31 January 2013, 12:27 AEDT

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ခေါင်းဆောင်

ဒေါ်အောင်ဆန်းစုကြည်က ​နှစ်ပေါင်းများစွာ

နေအိမ်အကျယ်ချုပ်ခံရပြီး ​လူမှုဘဝမှာ ​အထီးကျန်ခံခဲ့ရတဲ့ ​အတွေ့အကြုံကို ​စိတ်ကျန်းမာရေးချို့တဲ့သူတွေက

လူတွေနဲ့ ​ကင်းကွာအပယ်ခံရ ​ခံစားနေရတဲ့ ​အတွေ့ကြုံနဲ့ ​ယှဉ်ပြီး ​သူတို့ကို ​လူမူ့အသိုင်းအဝိုင်းက ​မပယ်ဖို့ ​ပြောသွားခဲ့ပါတယ်။

တောင်ကိုးရီးယားနိုင်ငံ ​Pyeongchang ​မြို့မှာ ​ကျင်းပနေတဲ့ ​စပ္ပာယ်ရှယ် ​ဆောင်းရာသီ ​အိုလံပစ် ​အားကစား ​ပွဲ ​တော် ​မှာ ​ဒေါ် ​အောင် ​ဆန်း ​စုကြည်က ​ပြောသွားခဲ့တာ ​ဖြစ်ပြီး ​အပယ်ခံရတဲ့ ​ဘဝအကြောင်းကို ​သူ့အနေနဲ့ ​ကောင်းမွန်စွာ ​သိနည်းလည်တဲ့အကြောင်း ​စိတ်ကျန်းမာရေးချို့တဲ့ ​သူတွေအပေါ် ​ထားတဲ့ ​သ ​ဘော ​ထား ​တွေ ​ပြောင်း ​လဲ ​လာ ​ဖို့ ​မျော်လင့်ပေမယ့် ​ခုချိန်ထိ ​စိတ်ကျန်းမာရေးချို့တဲ့သူ ​အများအပြားဟာ ​လူမှုဘဝမှာ ​အပယ်ခံနေရဆဲပဲလို့ ​ပြောသွားခဲ့ပါတယ်။

နေအိမ် ​အကျယ်ချုပ် ​ခံရတာကို ​ပေးဆပ်မှုလို့မမြင်ပဲ ​ရွေးချယ်မှုလို့သာ ​မြင်တဲ့အကြောင်း ​ဒါပေမယ့် ​စိတ်ကျန်းမာရေးချို့တဲ့သူတွေဟာ ​ရွှေးချယ်မှုတွေတောင် ​မလုပ်နိုင်ကြတဲ့အတွက် ​လမ်းဖွင့်ပေးရမယ်လို့ ​ပြောပါတယ်။

အားကစားနဲ့ ​ပတ်သက်ပြီး ​မြန်မာနိုင်ငံ ​ပညာရေးစနစ် ​ချွတ်ချုံကျရုံသာမက ​အားကစားမှာလည်း ​အားပေးမှုနည်းပါးတဲ့အကြောင်း ​ဒီအတွက် ​ဝိုင်းဝန်းအားပေးကြဖို့လည်း ​တိုက်တွန်းလိုက်ပါတယ့်

ရခိုင်ပြည်နယ်မှာ ​ဖြစ်နေတဲ့ ​လူမျိုးရေး ​ပြဿနာနဲ့ ​ပတ်သက်ပြီး ​ဒီလူမျိုးရေးပြဿနာကို ​မြန်မာနိုင်ငံအတွက် ​အထူးပြဿနာလို့မယူဆပဲ ​လူမျိုးဘာသာမရွှေး ​အားလုံးစုရုံးနေထိုင်နိုင်တယ်ဆိုတာ ​လုပ်ပြနိုင်ဖို့ ​အထူးအခွင့်အရေး ​ဖြစ်ပြီး ​အမြန်ဆုံး ​အကောင်အထည် ​ဖော်နိုင်မယ်လို့လည်း ​မျော်လင့်တယ်လို့လည်း ​ပြောသွားခဲ့ပါတယ်။

ဒီကနေ့မှာ ​ဒေါ်အောင်ဆန်းစုကြည်က ​Gwangju ​မြို့ကို ​သွားပြီး ​လူ့အခွင့်အရေးဆုကို ​လက်ခံမှာ ​ဖြစ်ပါတယ်။ ​အာဏာရှင်စနစ်ကို ​ဆန့်ကျင်ပြီး ​ဒီမိုကရေစီအရေးအတွက် ​ကြိုးပမ်းခဲ့တဲ့အတွက် ​၂၀၀၄ ​ခုနှစ်ကတည်းက ​ဆုချီးမြင့်ခံရတာဖြစ်ပေမယ့် ​ဒီကနေ့မှာ ​လူကိုယ်တိုက် ​လက်ခံရယူမှာ ​ဖြစ်ပါတယ်။