ရေတွေကျလာတဲ့အတွက် စစ်တပ်က သန့်ရှင်းရေးမှာ ကူညီပေးနေ

ရေတွေကျလာတဲ့အတွက် စစ်တပ်က သန့်ရှင်းရေးမှာ ကူညီပေးနေ

ရေတွေကျလာတဲ့အတွက် စစ်တပ်က သန့်ရှင်းရေးမှာ ကူညီပေးနေ

ရေးသားချိန် 31 January 2013, 10:01 AEST

ရေကြီးမှုတွေ ​ဖြစ်နေတဲ့ ​သြစတြေးလျနိုင်ငံ ​အရှေ့မြောက်ပိုင်း ​ကွင်းစလန်းပြည်နယ်မှာ ​ရေတွေ ​ကျဆင်းလာနေပြီ ​ဖြစ်တဲ့အတွက် ​စစ်သားတွေက ​သွားရောက်ပြီး ​သန့်ရှင်းရေးတွေနဲ့ ​ပြန်လည်နေရာချထားရေးတွေမှာ ​အကူအညီပေးနေပြီ ​ဖြစ်ပါတယ်။

ရေကြီးမှု ​အဆိုးဝါးဆုံး ​ဖြစ်ခဲ့တဲ့ ​Bundaberg ​မြို့မှာ ​စစ်သားအယောက် ​၁၀၀ ​ကျော်ကို ​စေလွှတ်ပြီး ​ပျက်စီးသွားတဲ့ ​အခြေခံအဆောက်အဦးတွေကို ​ပြင်ဆင်တဲ့ ​လုပ်ငန်းနဲ့ ​ပြည်သူတွေရဲ့ ​နေအိမ်ကို ​ရှင်းလင်းမှုတွေ ​လုပ်ဆောင်ပေးမှာ ​ဖြစ်ပါတယ်။

နောက်စစ်သားအုပ်စုငယ် ​တစ်စုကိုတော့ ​Gayndah ​မြို့မှာ ​အကူအညီပေးဖို့ ​စေလွှတ်ထားပါတယ်။

ကွင်းစလန်းပြည်နယ် ​ရေကြီးမှုအတွင်း ​လူ ​၆ ​ယောက် ​သေဆုံးခဲ့ရပါတယ်။

ရေတွေ ​ကျဆင်းလာပြီဆိုပေမယ့် ​တချို့နေရာမှာ ​သွားလာရေးအခက်အခဲနဲ့ ​ကုန်ပစ္စည်းပို့ဆောင်ရေးအခက်အခဲတွေကြောင့် ​အစာရိက္ခာတွေ၊ ​လျှပ်စစ်မီးနဲ့ ​သောက်ရေမလုံလောက်မှုတွေနဲ့ ​ကြုံတွေ့နေရဆဲပဲလို့ ​သိရပါတယ်။

ရေကြီးမှုကြောင့် ​ဖြစ်ပေါ်ခဲ့တဲ့ ​နစ်နာဆုံးရှုံးမှုတွေဟာ ​ဒေါ်လာ ​သန်းပေါင်း ​၂၀၀ ​လောက် ​ရှိမယ်လို့ ​ခန့်မှန်းထားကြပါတယ်။