စက်တင်ဘာလလည်မှာ ရွှေးကောက်ပွဲ ကျင်းပမယ်လို့ ဝန်ကြီးချုပ် ကြေငြာ

စက်တင်ဘာလလည်မှာ ရွှေးကောက်ပွဲ ကျင်းပမယ်လို့ ဝန်ကြီးချုပ် ကြေငြာ

စက်တင်ဘာလလည်မှာ ရွှေးကောက်ပွဲ ကျင်းပမယ်လို့ ဝန်ကြီးချုပ် ကြေငြာ

နောက်ဆုံးရေးသားချိန် 31 January 2013, 10:10 AEDT

သြစတြေးလျနိုင်ငံမှာ ​အထွေထွေရွေးကောက်ပွဲကို ​စက်တင်ဘာလ ​၁၄ ​ရက်နေ့မှာပြုလုပ်မယ်လို့ ​ဝန်ကြီးချုပ်  ​Julia ​Gillard ​က ​ကြေမနေ့ ​က ​ကြေငြာခဲ့ပါတယ်။

သြစတြေးလျ ​နိုင်ငံမှာ ​ထုံးစံ ​အတိုင်း ​ရွေးကောက်ပွဲတွေကို ​အနီးကပ်တော့မှာ ​ကြေငြာလေ့ ​ရှိ ​ပါတယ်။ ​အခုလို ​အချိန် ​၈လ ​အထိတောင်စောပြီး ​ကြေငြာတာဟာ ​ရာဇဝင်မှတ်တမ်းဝင် ​ဖြစ်သလို ​မူဝါဒပိုင်းကြေငြာချက်တွေကို ​အတိုက်အခံပါတီတွေ ​အနေနဲ့ ​ထုတ်ပြန်ဖို့ ​တွန်းအားပေး ​ထာ ​လဲ ​ဖြစ်နေပါတယ်။ ​အဓိကအတိုက်အခံ ​ပါတီဖြစ်တဲ့ ​လိဘာရယ်ညွန့်ပေါင်း ​က ​ငွေကြေးသုံးစွဲမှုမူဝါဒချမှတ်မှု ​မ ​ရှိတဲ့အပေါ် ​မီးမောင်းထိုး ​နိုင်တဲ့ ​ထိရောက်မှု ​ရှိ ​တယ်လို့ ​ဆိုပါတယ်။

သြစတြေးလျ ​နိုင်ငံက ​လက်ရှိ ​အာဏာရ ​အစိုး ​ရ ​ပါတီတွင်း ​လွှတ်တော် ​အမတ်အရေအတွက်နဲ့ ​အတိုက် ​အခံ ​ပါတီ ​ကြား ​အရေ ​အတွက်တွေ ​ဟာ ​ညီမျှနေတဲ့ ​အတွက်၊ ​တသီးပုဂ္ဂလ ​၂ဦးက ​နေ ​အစိုး ​ရ ​ဘက်ကို ​အားပေး ​ပါဝင်ခဲ့ ​တဲ့ ​အတွက် ​လက်ရှိ ​အုပ်ချုပ်ခွင့် ​ရ ​ခဲ့တာဖြစ်ပါတယ်။

သြစတြေးလျ ​နိုင်ငံမှာ ​အခု ​လို ​အထွေထွေရွေးကောက်ပွဲကို ​ဒီလောက်အထိစောပြီးကြေငြာလိုက် ​တဲ့ ​အချက်အပေါ်ထင်ကြေးအမျိုးမျိုး ​ထွက်ပေါ်လာနေပါတယ်။

ဘဏ္ဍရေးဝန်ကြီးက ​အတိုက်အခံ ​ဘက်က ​ငွေကြေး ​ပေါ်လစီ ​မ ​ရှိတာ ​တွေ၊ ​အထွေထွေရွေးကောက်ပွဲ ​ကိုငွေကြေး ​ပေါ်လစီ ​ကို ​အထွေထွေရွေးကောက်ပွဲမတိုင်မှီ ​ထုတ်ဖေါ်ရတော့မှာဖြစ်တယ်လို့ ​ဆိုပါတယ်။

တချို့ ​အစိုး ​ရ ​ဘက်က ​အမတ်တွေကတော့ ​ဝန်ကြီးချုပ် ​အနေနဲ့ ​အခုလို ​ကြေငြာလိုက်ခြင်းအားဖြင့် ​ပါတီတွင်း ​ခေါင်းဆောင်ပြောင်းလဲမှု ​တွေ ​မလုပ်နိုင်အောင် ​ကြိုတင်ကာကွယ်တာ ​လို့ပြော ​နေ ​သလို ​ဝန်ကြီးချုပ်ဟောင်း  ​Kevin ​Rudd ​ကိုထောက်ခံသူ ​တဦးက ​တော့ ​ပါတီတွင်း ​ခေါင်းဆောင် ​အပြောင်းအလဲ ​တွေကို ​လုံးဝမဖြစ် ​အောင် ​ပြုလုပ်လိုက်တဲ့ ​ဆောင်ရွက်ချက် ​ဖြစ်တယ်လို့ ​ပြောသွားပါတယ်။