ကျူဒိုကစားသမားကို နည်းပြက ရိုက်နှက်ခဲ့မှုနဲ့ ကော်မတီတောင်းပန်

ကျူဒိုကစားသမားကို နည်းပြက ရိုက်နှက်ခဲ့မှုနဲ့ ကော်မတီတောင်းပန်

ကျူဒိုကစားသမားကို နည်းပြက ရိုက်နှက်ခဲ့မှုနဲ့ ကော်မတီတောင်းပန်

ရေးသားချိန် 31 January 2013, 10:15 AEST

ဂျပန်နိုင်ငံ ​ကျူဒိုနပန်းအားကစားနည်းပြဟာ ​ကစားသမားကို ​ကိုယ်ထိလက်ရောက် ​ရိုက်နှက်မှုတွေ ​လုပ်ခဲ့တဲ့အတွက် ​ကစားသမားတွေကို ​ကျူဒိုနပန်း ​အားကစား ​ကော်မတီက ​တောင်းပန်လိုက်ပါတယ်။

ကျူဒိုနည်းပြကိုယ်တိုင်ကလည်း ​သူ့အနေနဲ့ ​ကစားသမားတွေကို ​ပါးရိုက်တာတွေ၊ ​ဝါးနဲ့ ​ပြုလုပ်ထားတဲ့ ​ဓားတွေနဲ့ရိုက်နှက်တာတွေ ​လုပ်ခဲ့တယ်လို့ ​ထွက်ဆိုခဲ့ပေမယ့် ​ကျူဒိုကော်မတီက ​သူ့ကို ​အလုပ်က ​ထုတ်ပစ်မှာ ​မဟုတ်ဘူးလို့ ​သိရပါတယ်။

ဂျပန်နိုင်ငံက ​ထိပ်သီး ​အမျိုးသမီးကျူဒိုကစားသမား ​၁၅ ​ယောက် ​စုပေါင်းပြီး ​သူတို့ကို ​နည်းပြက ​ရိုက်နှက်မှုတွေ ​လုပ်ခဲ့တယ်လို့ ​အိုလံပစ်ကော်မတီကို ​တိုင်ကြားစာ ​ပို့ခဲ့တာ ​ဖြစ်ပါတယ်။

နည်းပြ ​Ryiki ​Sonoda ​ဟာ ​ကြမ်းတမ်းတဲ့ ​စကားလုံးတွေနဲ့ ​ဆဲဆိုသလို၊ ​ပါးရိုက်တာတွေ၊ ​တုတ်နဲ့ ​ရိုက်နှက်တာတွေလုပ်ခဲ့ပြီး ​တချို့ကစားသမားတွေဟာ ​ဒဏ်ရာရနေတဲ့အချိန်မှာတောင် ​အတင်းဝင်ကစားခိုင်းတာတွေ ​လုပ်ခဲ့တယ်လို့ ​တိုင်ကြားခဲ့ကြတာ ​ဖြစ်ပါတယ်။

အိုလံပစ်ကော်မတီက ​ကျူဒိုကစားသမားတွေကို ​တောင်းပန်ခဲ့ပြီး ​နည်းပြကိုတော့ ​သတိပေးစာ ​ပေးပို့ပေမယ့် ​အလုပ်ကနေ ​ထုတ်ပစ်ဖို့ ​ငြင်းဆန်ခဲ့တယ်လို့ ​အေဘီစီသတင်းထောက် ​Mark ​Willacy ​က ​တိုကျိုမြို့ကနေ ​သတင်းပေးပို့ခဲ့ပါတယ်။

လန်ဒန်မြို့မှာ ​ကျင်းပတဲ့ ​အိုလံပစ်အားကစားပြိုင်ပွဲမှာလည်း ​အိုလံပစ်ပွဲမှာ ​ကစားကြမယ့် ​ဂျပန်အမျိုးသား ​ကစားသမားတွေဟာ ​လေယာဉ်ရဲ့ ​အထူးတန်းမှာ ​ထိုင်ရပြီး ​အမျိုးသမီးတွေက ​သာမာန်နေရာမှာ ​ထိုင်ရတဲ့အတွက် ​မကျေမနပ်မှုတွေလည်း ​ရှိခဲ့ပါတယ်။