မြန်မာ့ မီဒီယာလွှတ်လပ်ခွင့် အဆင့် ပိုကောင်းလာ

မြန်မာ့ မီဒီယာလွှတ်လပ်ခွင့် အဆင့် ပိုကောင်းလာ

မြန်မာ့ မီဒီယာလွှတ်လပ်ခွင့် အဆင့် ပိုကောင်းလာ

ရေးသားချိန် 31 January 2013, 12:00 AEST

ကမ္ဘာပေါ်က ​သတင်းမီဒီယာလွတ်လပ်ရေး ​အဆင့်မှာ ​မြန်မာ ​နိုင်ငံက ​အောက်ဆုံး ​၄ဆင့် ​က ​နေ ​နောက်ထပ် ​၁၈ဆင့် ​တက်ခဲ့ပြီလို့ ​သိရပါတယ်။ ​နှစ်စဉ်နှစ်တိုင်း ​ထုတ်ပြန်တဲ့ ​ကမ္ဘာ့ ​သတင်းလွတ်လပ်မှု ​စံနှုန်း ​မှတ်တန်းမှာ ​၁၇၉ ​နိုင်ငံ ​ရှိ ​တဲ့ ​အနက် ​မြန်မာ ​က ​၁၅၁ ​နေရာမှာ ​ရောက် ​ရှိ ​နေပါတယ်။

ကမ္ဘာပေါ်က ​သတင်းမီဒီယာလွတ်လပ်ရေး ​အဆင့်မှာ ​မြန်မာ ​နိုင်ငံက ​အောက်ဆုံး ​၄ဆင့် ​က ​နေ ​နောက်ထပ် ​၁၈ဆင့် ​တက်ခဲ့ပြီ ​လို့ ​သိ ​ရ ​ပါတယ်။ ​နှစ်စဉ်နှစ်တိုင်း ​ထုတ်ပြန်တဲ့ ​ကမ္ဘာ့ ​သတင်းလွတ်လပ်မှု ​စံနှုန်း ​မှတ်တန်းမှာ ​၁၇၉ ​နိုင်ငံ ​ရှိ ​တဲ့ ​အနက် ​မြန်မာ ​က ​၁၅၁ ​နေရာမှာ ​ရောက် ​ရှိ ​နေပါတယ်။

စါရင်းအရ ​အာရှတိုင်း ​နိုင်ငံတွေမှာ ​မီဒီယာလွတ်လပ်ခွင့်ပိုပြီး ​ဆိုးလာချိန်မှာ ​မြန်မာ ​နိုင်ငံက ​သိသိသာသာ ​တိုးတက်လာတဲ့အကြောင်း၊ ​အာဖဂန်နစ္စတန် ​နိုင်ငံမှာ ​အမေရိကန် ​နဲ့ ​အနောက်တိုင်း ​နိုင်ငံ ​က ​စစ်တပ်တွေ ​နိုင်ငံကနေ ​ဆုတ်ခွါလာတာ ​နဲ့ ​အမျှ ​သတင်းလွတ်လပ်မှု ​တိုးတက်လာပြီ ​လို့ ​နယ်ခြားမဲ့ ​သတင်းထောက်အဖွဲ့ကပြောပြပါတယ်။

ဂျပန် ​နိုင်ငံက ​အဆင့် ​၂၂ ​ကျဆင်းခြဲ့ပီး ​၅၃ ​နေ ​ရာကို ​ရောက်သွားပါတယ်။ ​ဒီလိုဖြစ်ရတာဟာ ​ဂျပန် ​နိုင်ငံ ​ဆူနာမီလှိုင်းပုတ်ခတ်ခံရပြီးနောက် ​နျူကလိယ ​ဓါတ်ပေါင်းဖို ​အရည်ပျော်ကျမှု ​အပေါ် ​ဖုံးကွယ်မှု ​တွေ ​ပြု ​လုပ်ခဲ့လို့ ​ဖြစ်ပါတယ်။

မြောက်ကိုးရီးယား ​နိုင်ငံကတော့ ​မီဒီယာလွတ်လပ်မှု ​မရှိ ​ဆုံး ​အဖြစ် ​ဒုတိယနောက်ဆုံး ​၁၇၈ ​ဆင့် ​ကိုရောက်နေပါတယ်။ ​အောက်ဆုံးအဆင့်တွေမှာ ​တရုတ် ​နိုင်ငံက ​အဆင့် ​၁၇၃ ​-ဗီယက်နမ် ​နိုင်ငံက ​၁၇၂ ​- ​လာအို ​နိုင်ငံက ​၁၆၈ ​အသီးသီးဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမှာ ​စစ်အစိုးရအုပ်ချုပ်မှု ​ကာလ ​အတွင်းက ​အကျဉ်းချ ​ခံ ​ခဲ့ ​ရ ​တဲ့ ​သတင်းသမားတွေ ​အင်တာနက်ဆိုင်ရာ ​လှုပ်ရှားရေးသမားတွေ ​အကျဉ်းထောင်တွေ ​ထဲမှာ ​မရှိတော့ ​ဘူးလို့ ​ဆက်ဖေါ်ပြထားပါတယ်။

မြန်မာ ​နိုင်ငံက ​သံမဏိလက်သီး ​နဲ့ ​အုပ်ချုပ်ခဲ့ ​တဲ့ ​စစ်အုပ်ချုပ်ရေး ​ပြီး ​ဆုံး ​ခဲ့ ​တဲ့ ​၂၀၁၁ ​နောက်ပိုင်းမှာ ​ကျင့်သုံးခဲ့တဲ့ ​မီဒီယာ ​စာနယ်ဇင်း ​စစ်ဆေး ​ရေး ​ဘုတ်ကို ​ဖျက်သိမ်းပြီ ​ဖြစ်တဲ့ ​အကြောင်း ​မနှစ်က ​သြဂုတ်လ ​ကြေငြာခဲ့ပါတယ်။

မလေးရှား ​နိုင်ငံ ​ဟာ ​လဲ ​အဆင့် ​၂၃ဆင့်ကျပြီး ​၁၄၅ဆင့် ​ကို ​ရောက်နေပြီး ​သတင်း ​ရရှိမှု ​အင်မတန်ကိုခက်ခဲတဲ့ ​နိုင်ငံဖြစ်တယ်လို့ ​ဆိုပါတယ်။

အိန္ဒယ ​နိုင်ငံဟာလဲ ​မီဒီယာသမားတွေ ​ပေါ် ​အကြမ်းဖက်မှုတွေ၊ ​မီဒီယာသမားတွေကို ​ထိခိုက်ရန်မူမှုတွေကို ​လဲ ​ဥပဒေအရ ​အရေးမယူတာတွေ ​ကြောင့် ​အင်မတန်ကို ​အခြေ ​အနေဆိုးနေတယ်လို့ ​ဖေါ်ပြထားပါတယ်။

အောက်ဆုံး ​အဆင့် ​ဖြစ်တဲ့ ​၁၇၉ ​မှာတော့ ​Eritrea ​နိုင်ငံဖြစ်ပါတယ်။

၁၇၀ကျော်အဆင့်မှာ ​ရှိ ​တဲ့ ​နိုင်ငံ ​တွေကတော့ ​Turkmenistan ​အဆင့် ​၁၇၇, ​မြောက်ကိုးရီးယား ​(၁၇၆)၊ ​ဆိုမားလီးယား ​(၁၇၅) ​နဲ့ ​အီရန် ​(၁၇၄) ​တို့ ​ဖြစ်ပါတယ်။

 

အစိုးရပိုင် ​မြန်မာ့အလင်းသတင်းစာ ​ပုဂ္ဂလိကနဲ့ ​တွဲပြီး ​ထုတ်ဝေလို

 

မြန်မာနိုင်ငံမှာ ​အစိုးရပိုင် ​မြန်မာ့အလင်း ​သတင်း ​မီဒီယာက ​အစိုးရ ​ချုပ်ကိုင်မှု ​က ​နေ ​ပုဂ္ဂလိကပိုင်မီဒီယာလုပ်ငန်း ​အဖြစ်နဲ့ ​လက်တွဲ ​လုပ်ကိုင်လိုတဲ့အကြောင်း ​ပြီးခဲ့တဲ့ ​ဗုဒ္ဓဟူးနေ့က ​ထုတ်ဖော်ကြေငြာခဲ့ပါတယ်။ 

အစဉ်အဆက်က ​နိုင်ငံခြားမီဒီယာတွေ ​အတိုက်အခံအဖက်ဖက်ကို ​တိုက်ခိုက်ခဲ့တဲ့ ​သတင်းစာ ​ဟာ ​အခု ​အခါမှာ ​အင်္ဂလိပ်စာတည်းဖြတ်တဲ့အပိုင်းတွေမှာ ​ထိန်းချုပ်ကွပ်ကဲမှုကို ​ပေး ​နိုင်ဖို့ ​အခြေ ​အနေရှိတယ်လို့ ​ဆိုပါတယ်။

လူထုဝန်ဆောင်မှုမီဒီယာအုပ်ချုပ်ရေး ​ဆိုင် ​ရာ ​အဖွဲ့က ​ပြန်ကြားရေးဝန်ကြီး ​ဌါန ​အနေနဲ့ ​တွဲဖက်လုပ်ကိုင်လိုတဲ့ ​မီဒီယာ ​အဖွဲ့ ​ကို ​တင်ဒါဈေး ​ပြိုင်စနစ်နဲ့ ​ခေါ်ယူမှာဖြစ်တယ်လို့ဆိုပါတယ်။

လူထုဝန်ဆောင်မှုမီဒီယာအုပ်ချုပ်ရေး ​ဆိုင် ​ရာ ​အဖွဲ့ ​ကို ​မြန်မာ ​နိုင်ငံက ​သတင်းစာ ​၃ ​ခု ​ကပေါင်းစည်းပြိး ​လူထုဝန်ဆောင်တဲ့ ​အဖွဲ့အစည်းဖြစ်အောင် ​ကြိုးပမ်းသွားမယ်ဆို ​တဲ့ ​ရည်ရွယ်ချက်နဲ့ ​ဖွဲ့စည်းထားတဲ့ ​အဖွဲ့ဖြစ်ပါတယ်။

အဖွဲ့ဝင်တဦး ​က ​အရည်အသွေး ​မြင့်တဲ့ ​ပြန်ကြားရေး ​ဝန်ကြီးဌါန ​ပိုင် ​နေ့စဉ်သတင်းစာ ​အဖြစ် ​ဆောင်ရွက်သွား ​နိုင်ဖို့ ​လူအား ​မတတ် ​နိုင်ဘူးလို့ ​ဆိုပါတယ်။

မြန်မာထိုင်းမ်စ်အပါတ်စဉ် ​သတင်းစာဂျာနယ်တိုက် ​ပိုင် ​ရှင်သြစတြေးလျ ​နိုင်ငံသား  ​Ross ​Dunkley ​ကမြန်မာ့အလင်း ​သတင်းစာ ​နဲ့လက်တွဲလုပ်ကိုင်ဆောင်ရွက်ဖို့ ​ စိတ်ဝင်စားတဲ့အကြောင်း ​ပြောသွားပါတယ်။

စစ်အစိုးရလက်အောက်မှာ ​အစဉ်အဆက်လုပ်လာတဲ့ ​ဆင်ဆ်ာဖြတ်တောက်တဲ့မူကို ​သြဂုတ်လကစပြီး  ​ရပ်ဆိုင်းလိုက်ပြီး ​နောက်မှာ ​ပုဂလိကဂျာနယ်တိုက်တွေကို ​လည်း ​ဧပြီ ​လ ​၁ ​ရက်ကစပြီး ​တရားဝင်ထုတ်ဝေခွင့်ပေးခဲ့ ​တာ ​ဖြစ်ပါတယ်။