Annoucement

 မြန်မာဌာန၏ ​ဝန်ဆောင်မှုများအား ​ရပ်တန့်လိုက်ပြီး ​အကြောင်းအရာများအား ​ဝဘ်ဆိုက်တွင် ​မှတ်တမ်းတင်ထားပါသည်။ http://ausp.lu/2fm5qSv တွင် လေ့လာနိုင်ပါသည်။ 

နောင်ယူးရဲ့ ဒုက္ခသည်ပေါ်လစီက ဥပဒေချိုးဖောက်ရာရောက် လို့ဆို

နောင်ယူးရဲ့ ဒုက္ခသည်ပေါ်လစီက ဥပဒေချိုးဖောက်ရာရောက် လို့ဆို

နောင်ယူးရဲ့ ဒုက္ခသည်ပေါ်လစီက ဥပဒေချိုးဖောက်ရာရောက် လို့ဆို

နောက်ဆုံးရေးသားချိန် 18 October 2016, 15:11 AEDT

နောင်ယူးကျွန်းနိုင်ငံက ​သြစတြေးလျပိုင် ​လူဝင်မှု ​ထိန်းသိမ်းရေး ​စခန်းမှာ ​ထိန်းသိမ်းခံနေရတဲ့ ​ကလေးငယ်တွေရဲ့ ​ဘဝဟာ ​လုံခြုံမှု ​မရှိဘူးလို့ ​Amnesty ​International ​နိုင်ငံတကာ ​လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ​ပြောလိုက်ပါတယ်။ 

အနိုင်ကျင့်ခံရမှုတွေ ​ရှိပြီလို့ ​တိုင်တန်းရင်လည်း ​နောင်ယူးရဲတွေက ​လိုက်ပေးတာမျိုး ​မဟုတ်သလို ​သြစတြေးလျ ​အစိုးရရဲ့ ​လူတွေကို ​သြစတြေးလျမှာ ​အခြေချခွင့် ​မပေးတဲ့ ​ပေါ်လစီကလည်း ​ဒုက္ခသည်တွေ ​ကိုယ့်ကိုကိုယ် ​အနာတရ ​ဖြစ်အောင် ​လုပ်ဆောင်အောင် ​တွန်းပို့ရာ ​ရောက်တယ်လို့ ​ပြောလိုက်ပါတယ်။

ဒုက္ခသည်တွေကို ​အချိန်အကန့်အသတ်မဲ့ ​ထိန်းသိမ်းထားတာဟာ ​စနစ်တကျ ​လူ့အခွင့်အရေး ​ချိုးဖောက်ရာ ​ရောက်သလို ​တမင် ​နှိပ်စက်ရာလည်း ​ရောက်တဲ့အတွက် ​နိုင်ငံတကာ ​လူ့အခွင့်အရေး ​ဥပဒေကို ​ချိုးဖောက်ရာ ​ရောက်တယ်လို့ ​Island ​of ​Despair ​လို့ခေါ်တဲ့ ​အစီရင်ခံစာမှာ ​နိုင်ငံတကာ ​လွတ်ငြိမ်းချမ်းသာခွင့် ​အဖွဲ့က ​ရေးထားပါတယ်။ 

နောင်ယူး ​လူဝင်မှု ​ထိန်းသိမ်းရေး ​စခန်းက ​လူပေါင်း ​၇၅၀ ​ကို ​ဒုက္ခသည် ​စစ်မှန်ကြောင်း ​တွေ့ရှိလို့ ​နောင်ယူးနိုင်ငံထဲ ​နေထိုင်ခွင့် ​ပေးလိုက်ပေမယ့် ​ဒုက္ခသည် ​ကလေးငယ်တွေကို ​နောင်ယူးဒေသခံတွေက ​အနိုင်ကျင့်လွန်းလို့ ​ကျောင်းသွားရမှာကို ​ကြောက်နေကြတယ်လို့ ​ဆိုပါတယ်။

နောင်ယူးနိုင်ငံက ​ဒုက္ခသည်တွေ ​ကြုံတွေ့ရတဲ့ ​အခြေအနေဟာ ​ဆီးရီးယားနိုင်ငံနဲ့ ​Chechnya ​မှာ ​ကြုံတွေ့ရတဲ့ ​အခက်အခဲတွေထက်တောင် ​ဆိုးဝါးနေတယ်လို့လည်း ​နိုင်ငံတကာ ​လွတ်ငြိမ်းချမ်းသာခွင့် ​အဖွဲ့က ​ပြောလိုက်ပါတယ်။

သြစတြေးလျ ​အစိုးရကတော့ ​ဒုက္ခသည်တွေ ​လိုအပ်တဲ့ ​အကူအညီကို ​ပေးနေတယ်လို့ ​တုန့်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ​နိုင်ငံတကာ ​လွတ်ငြိမ်းချမ်းသာခွင့် ​အဖွဲ့ရဲ့ ​စွပ်စွဲချက်တွေကို ​ပယ်ချလိုက်ပြီး ​သြစတြေးလျ ​အစိုးရရဲ့ ​ပေါ်လစီကို ​ပြောင်းလဲမှာ ​မဟုတ်ဘူးလို့လည်း ​ပြောလိုက်ပါတယ်။

တင်းကြပ်တဲ့ ​လူဝင်မှု ​ကြီးကြပ်ရေး ​ပေါ်လစီကြောင့် ​သြစတြေးလျနိုင်ငံထဲ ​လှေတွေနဲ့ ​ဝင်လာတဲ့လူတွေ ​မရှိသလောက် ​ဖြစ်သွားလို့ ​ပင်လယ်ပြင်မှာ ​သေဆုံးမှုတွေ ​မရှိတော့တာ ​ဖြစ်တယ်လို့လည်း ​ဝန်ကြီးချုပ် ​Malcolm ​Turnbull ​က ​ပြောလိုက်ပါတယ်။

အေဘီစီ ​သတင်းဌာနက ​Four ​Corners ​အစီအစဉ်ကလည်း ​နောင်ယူးနိုင်ငံက ​ဒုက္ခသည် ​တွေအပြင် ​ဒုက္ခသည် ​ကလေးငယ် ​၁၂၈ ​ယောက်ရဲ့ ​အခြေအနေကို ​မနေ့ညတုန်းက ​ရိုက်ကူးတင်ပြခဲ့ပါတယ်။

အေဘီစီရဲ့ ​တင်ပြချက်တွေဟာ ​နောင်ယူးနိုင်ငံသားတွေအပေါ် ​ခွဲခြားရာ ​ရောက်သလို ​တင်ပြတဲ့ ​အချက်အလက်တွေလည်း ​မမှန်ကန်ဘူးလို့ ​နောင်ယူးအစိုးရက ​ပြောဆိုလိုက်ပါတယ်။

ရိုက်ကူးရေးဟာလည်း ​ကြိုတင်ဇာတ်တိုက်ထားသလို ​ကလေးငယ်တွေ ​ဘယ်လို ​ဖြေဆိုပါ ​ဆိုပြီးတော့ ​သင်ပေးထားတာ ​ဖြစ်တယ်လို့လည်း ​ပြောလိုက်ပါတယ်။

အေဘီစီက ​ပြောခွင့်ရ ​ပုဂ္ဂိုလ်ကတော့ ​အေဘီစီအနေနဲ့ ​Four ​Corners ​မှာ ​ထုတ်လွှင့်ခဲ့တဲ့ ​အကြောင်းအရာအတိုင်း ​ရပ်တည်တဲ့အကြောင်း ​ရိုက်ကူးခွင့် ​မီဒီယာ ​ဗီဇာမရလို့ ​အဝေးကနေ ​အင်တာဗျူးတွေ ​လုပ်ခဲ့ရတာတွေ ​ရှိခဲ့ပေမယ့် ​မှန်ကန်မှု ​ရှိမရှိ ​ဖြစ်နိုင် ​မဖြစ်နိုင် ​ဆိုတာကို ​အကြိမ်ကြိမ် ​ဆန်းစစ်ပြီးမှ ​ထုတ်လွှင့်ခဲ့တာ ​ဖြစ်တယ်လို့ ​တုန့်ပြန်လိုက်ပါတယ်။

ဒီကနေ့ ​အင်္ဂလိပ်ဌာန ​ရေဒီယိုတွေမှာတော့ ​ထုတ်လွှင့်ခဲ့တဲ့ ​အစီအစဉ်တွေနဲ့ ​ပတ်သက်ပြီး ​ဒုက္ခသည်တွေအတွက် ​စိတ်မကောင်း ​ဖြစ်ရတဲ့အကြောင်း၊ ​ဒုက္ခသည်အဖြစ် ​သတ်မှတ်ပြီးသား ​လူတွေကို ​ဘာဖြစ်လို့ ​သြစတြေးလျနိုင်ငံထဲ ​မလက်ခံရဘူးလည်း ​ဆိုပြီးတော့လည်း ​မေးခွန်းထုတ်နေကြပါတယ်။

အစိုးရကတော့ ​လှေတွေနဲ့ ​ဝင်လာသူတွေ ​ဒုက္ခသည် ​စစ်မှန်လို့ ​သြစတြေးလျထဲ ​ပေးဝင်ရင် ​လူကုန်ကူးသူတွေက ​လှေတွေနဲ့ ​တခြားလူတွေကို ​ထပ်မံ ​တင်ဆောင်လာနိုင်တယ်ဆိုတဲ့ ​အမြင်တွေ ​ရှိနေပါတယ်။