Annoucement

 မြန်မာဌာန၏ ​ဝန်ဆောင်မှုများအား ​ရပ်တန့်လိုက်ပြီး ​အကြောင်းအရာများအား ​ဝဘ်ဆိုက်တွင် ​မှတ်တမ်းတင်ထားပါသည်။ http://ausp.lu/2fm5qSv တွင် လေ့လာနိုင်ပါသည်။ 

ပြည်တွင်းစစ် ရပ်တန့်ဖို့ ကွတ်ခိုင်နဲ့ ဖလမ်းပြည်သူ တောင်းဆို

ပြည်တွင်းစစ် ရပ်တန့်ဖို့ ကွတ်ခိုင်နဲ့ ဖလမ်းပြည်သူ တောင်းဆို

ပြည်တွင်းစစ် ရပ်တန့်ဖို့ ကွတ်ခိုင်နဲ့ ဖလမ်းပြည်သူ တောင်းဆို

ရေးသားချိန် 21 October 2016, 17:53 AEDT

မြန်မာနိုင်ငံ ​တိုင်းရင်းသား ​ဒေသမှာ ​ဖြစ်ပွားနေတဲ့ ​ပြည်တွင်းစစ်တွေ ​ရပ်တန့်ရေး ​တောင်းဆိုဖို့အတွက် ​ကွတ်ခိုင်မြို့ ​ပြည်သူတွေက ​ဆန္ဒဖော်ထုတ်သွားမယ်လို့ ​သိရပါတယ်။

ကွတ်ခိုင်မြို့က ​ပြည်သူတွေ ​စုပေါင်းပြီး ​စစ်တွေ ​ရပ်တန့်ပေးဖို့အတွက် ​ဒီကနေ့ ​မနက် ​၈ ​နာရီကနေ ​၁၂ ​နာရီအထိ ​ဆန္ဒဖော်ထုတ်ကြမှာ ​ဖြစ်လို့ ​သတင်းမီဒီယာ ​နဲ့ ​အရပ်ဖက် ​လူမှု ​အဖွဲ့အစည်းတွေ ​တက်ရောက်သတင်းယူ ​ပါဝင်ကြဖို့ ​စီစဉ်သူတွေက ​စာရေးထုတ်ပြန်ထားပါတယ်။

ကွတ်ခိုင်မြို့က ​ပြည်သူ့အားကစားကွင်းမှာ ​စုရုံးပြီး ​စီတန်းလှည့်လည်မယ်လို့ ​ဖော်ပြထားပါတယ်။

တိုင်းရင်းသားဒေသမှာ ​ဖြစ်ပွားနေတဲ့ ​စစ်တွေ ​ရပ်တန့်ဖို့အတွက် ​ချင်းပြည်နယ် ​ဖလမ်းမြို့က ​လူထုတွေကလည်း ​ဈေးဆိုင်တွေ ​အားလုံး ​ပိတ်ပြီး ​ဆုတောင်းပွဲပြုလုပ်မယ်လို့ ​Chin ​World ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ဖလမ်းခရစ်ယာန် ​သာသနာ ​ဆရာများ ​မိတ်သယာယအဖွဲ့က ​ဦးဆောင်ပြီး ​အောက်တိုဘာလ ​၂၄ ​ရက် ​မနက် ​၇ ​နာရီမှာ ​ဆုတောင်းပွဲ ​ပြုလုပ်သွားမှာ ​ဖြစ်ပြီး ​အဲဒီလို ​ပြုလုပ်ဖို့ ​ဈေးဆိုင်အားလုံးကို ​ပိတ်ပြီး ​ကချင်လူထုအတွက် ​ဆုတောင်းသွားမယ်လို့ ​ဖော်ပြထားပါတယ်။

အလားတူ ​အောက်တိုဘာလ ​၁၆ ​ရက်နေ့တုန်းကလည်း ​ဟားခါးမြို့နဲ့ ​ထန်တလန်းမြို့တွေမှာလည်း ​ကချင်ပြည်နယ်မှာ ​ငြိမ်းချမ်းရေး ​ရှိဖို့အတွက် ​လူထုတွေက ​စီတန်းလှည့်လည်ပြီး ​ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဒီတချီမှာ ​ဖြစ်ပေါ်နေတဲ့ ​ပြည်တွင်းစစ်နဲ့ ​ပတ်သက်ပြီး ​မြန်မာအစိုးရက ​ရေငုံနှုတ်ပိတ်နေတယ်ဆိုပြီးတော့လည်း ​အွန်လိုင်းပေါ်မှာ ​ဝေဖန်မှုတွေ ​များပြားနေပါတယ်။