Annoucement

 မြန်မာဌာန၏ ​ဝန်ဆောင်မှုများအား ​ရပ်တန့်လိုက်ပြီး ​အကြောင်းအရာများအား ​ဝဘ်ဆိုက်တွင် ​မှတ်တမ်းတင်ထားပါသည်။ http://ausp.lu/2fm5qSv တွင် လေ့လာနိုင်ပါသည်။ 

တရားမဝင်လက်နက်တွေကို အပ်ရင် အရေးမယူဘူးလို့ဆို

တရားမဝင်လက်နက်တွေကို အပ်ရင် အရေးမယူဘူးလို့ဆို

တရားမဝင်လက်နက်တွေကို အပ်ရင် အရေးမယူဘူးလို့ဆို

ရေးသားချိန် 21 October 2016, 17:57 AEDT

သြစတြေးလျနိုင်ငံမှာ ​လာမယ့် ​နှစ်လယ်ပိုင်းက ​စပြီး ​တရားမဝင် ​သေနတ်တွေကို ​အာဏာပိုင်လက်ထဲ ​အပ်ရင် ​အရေးယူမှာ ​မဟုတ်ဘူးလို့ ​သြစတြေးလျ ​တရားရေးရာ ​ဝန်ကြီးက ​ကြေညာလိုက်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ​တရားဝင် ​လိုင်စင်နဲ့ ​သေနတ်ကိုင်ဆောင်ခွင့် ​ပေးထားပေမယ့် ​တရားမဝင် ​ကိုင်ဆောင်မှုတွေ ​ရှိနေတဲ့အတွက် ​တရားမဝင် ​လက်နက်ကိုင်တာမျိုး ​ပပျောက်အောင် ​လက်နက်အပ်ရင် ​အပြစ်မပေးဖို့ ​မက်လုံးပေးလိုက်တာ ​ဖြစ်ပါတယ်။

ပြည်ထောင်စု ​အစိုးရရဲ့ ​အစီအစဉ်ကို ​ပြည်နယ် ​အစိုးရ ​အားလုံးကလည်း ​သဘောတူလိုက်ပါတယ်။

နိုင်ငံတချို့နဲ့ ​သြစတြေးလျနိုင်ငံမှာ ​အရင်တုန်းက ​သေနတ်ကို ​အသုံးပြုပြီး ​လူတွေကို ​အစုလိုက် ​သတ်ပစ်တာမျိုး ​ဖြစ်ပေါ်ခဲ့တာ ​ရှိပါတယ်။

အဲဒီလို ​အခြေအနေကြောင့် ​အစိုးရဟောင်းက ​လက်နက်တွေကို ​ပြန်လည် ​ဝယ်ယူပြီး ​လက်နက်ရော့ကျသွားအောင် ​လုပ်ခဲ့ရသလို ​လက်နက်တွေကိုလည်း ​ကန့်သတ်လိုက်ပါတယ်။

အရင်တုန်းက ​အော်တို ​သေနတ်တွေကို ​ကိုင်ခွင့်ပေးခဲ့ရာက ​အခုအခါမှာ ​ပိုပြီး ​စွမ်းရည်နည်းတဲ့ ​သေနတ်မျိုးကိုသာ ​တရားဝင် ​ကိုင်ခွင့်ပေးလိုက်တာ ​ဖြစ်သလို ​တရားမဝင် ​သေနတ်တွေကို ​လာရောက် ​အပ်နှံဖို့ ​ဖိတ်ခေါ်လိုက်တာ ​ဖြစ်ပါတယ်။

တရားမဝင် ​သေနတ်တွေကို ​လာအပ်တဲ့ ​ဘယ်သူကိုမဆို ​ဘာမေးခွန်းမှ ​မေးမှာ ​မဟုတ်ပဲ ​လွတ်ငြိမ်းချမ်းသာခွင့် ​ပေးမယ်လို့ ​အစိုးရက ​ပြောဆိုထားပါတယ်။

သြစတြေးလျနိုင်ငံမှာ ​ကျင့်သုံးတဲ့ ​သေနတ်ကန့်သတ်မှုကို ​ကြည့်ပြီး ​အမေရိကန် ​သမ္မတ ​ဘာရက် ​အိုဘားမားကလည်း ​သြစတြေးလျရဲ့ ​ပေါ်လစီလို ​လိုက်လံကျင့်သုံးသင့်တယ်လို့ ​ပြောဆိုခဲ့တာ ​ရှိပါတယ်။