Annoucement

 မြန်မာဌာန၏ ​ဝန်ဆောင်မှုများအား ​ရပ်တန့်လိုက်ပြီး ​အကြောင်းအရာများအား ​ဝဘ်ဆိုက်တွင် ​မှတ်တမ်းတင်ထားပါသည်။ http://ausp.lu/2fm5qSv တွင် လေ့လာနိုင်ပါသည်။ 

Calais စခန်းကို ပြင်သစ်ဖျက်သိမ်းပြီ

Calais စခန်းကို ပြင်သစ်ဖျက်သိမ်းပြီ

Calais စခန်းကို ပြင်သစ်ဖျက်သိမ်းပြီ

ရေးသားချိန် 26 October 2016, 17:46 AEDT

ပြင်သစ်နိုင်ငံ ​အာဏာပိုင်တွေရဲ့ ​အဆိုအရ ​Calais ​(ကာလေး) ​ဒုက္ခသည် ​စခန်းက ​ခိုလှုံခွင့် ​တောင်းလိုသူ ​လူပေါင်း ​လေးထောင်ကျော်ကို ​နေရာ ​ရွှေ့ပြောင်းမှု ​လုပ်ထားပြီးပြီလို့ ​ပြောပါတယ်။

တောထဲမှာ ​ယာယီတည်ထောင်ထားတဲ့ ​Calias ​စခန်းကို ​ပြင်သစ်အာဏာပိုင်တွေက ​ဖျက်ဆီးလိုက်တာ ​ဖြစ်ပြီး ​အဲဒီစခန်းက ​လူတွေကို ​တခြားနေရာ ​ပြောင်းရွှေ့ထားပေမယ့် ​လူပေါင်း ​နှစ်ထောင်လောက်ကတော့ ​အဲဒီနေရာတဝိုက်မှာ ​ရှိနေတုန်းပဲလို့ ​သိရပါတယ်။

အထူးသဖြင့် ​အုပ်ထိန်းသူ ​မပါတဲ့ ​ခိုလှုံခွင့်တောင်းလိုသူ ​ကလေးငယ်တွေက ​နေရာဟောင်းမှာပဲ ​ကျန်ရှိနေသေးတဲ့အတွက် ​အဲဒီကလေးငယ်တွေကို ​ပြင်သစ် ​အစိုးရအနေနဲ့ ​အလေးထား ​စောင့်ရှောက်မှုတွေ ​ပေးသင့်တယ်လို့ ​Refugee ​Youth ​Service ​အဖွဲ့က ​ပြောခွင့်ရပုဂ္ဂိုလ်က ​ပြောသွားခဲ့ပါတယ်။

ယာယီ ​ဒုက္ခသည် ​စခန်းကို ​အာဏာပိုင်တွေက ​ဖျက်ဆီးလိုက်ပေမယ့် ​ခိုလှုံခွင့် ​တောင်းလိုသူတချို့ကတော့ ​တောထဲမှာ ​အလားတူနဲ့ ​စခန်းငယ်မျိုး ​ထပ်မံတည်ထောင်ပြီး ​နေထိုင်သွားမယ်လို့ ​ပြောဆိုနေတာလည်း ​ရှိပါတယ်။

ယာယီ ​စခန်းကို ​ဖျက်ဆီးတုန်း ​ပဋိပက္ခတွေ ​ဖြစ်မှာစိုးလို့ ​လုံခြုံရေးသမား ​ရာနဲ့ချီက ​စောင့်ကြည့်ခဲ့ကြပေမယ့် ​အေးအေးဆေးဆေး ​ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း ​သိရပါတယ်။

ခိုလှုံခွင့် ​တောင်းလိုသူ ​တချို့က ​ပြင်သစ်နိုင်ငံမှာ ​အခြေချမယ့်အစား ​ဗြိတိန်နဲ့ ​တခြားနိုင်ငံကို ​အခြေချလိုကြတာ ​ဖြစ်ပါတယ်။