Annoucement

 မြန်မာဌာန၏ ​ဝန်ဆောင်မှုများအား ​ရပ်တန့်လိုက်ပြီး ​အကြောင်းအရာများအား ​ဝဘ်ဆိုက်တွင် ​မှတ်တမ်းတင်ထားပါသည်။ http://ausp.lu/2fm5qSv တွင် လေ့လာနိုင်ပါသည်။ 

အလက်ပို အရှေ့ပိုင်းမှာ ကုလ မကူညီတော့

အလက်ပို အရှေ့ပိုင်းမှာ ကုလ မကူညီတော့

အလက်ပို အရှေ့ပိုင်းမှာ ကုလ မကူညီတော့

ရေးသားချိန် 26 October 2016, 17:48 AEDT

ဆီးရီးယားနိုင်ငံ ​အလက်ပိုမြို့ ​အရှေ့ပိုင်းက ​ကူညီကယ်ဆယ်ရေး ​လုပ်ငန်းတွေကို ​ရပ်တန့်ပစ်လိုက်ပြီလို့ ​ကုလသမဂ္ဂက ​ပြောဆိုလိုက်ပါတယ်။

အလက်ပိုမြို့ ​အရှေ့ပိုင်းကို ​သူပုန်တွေက ​နေရာယူထားတာ ​ဖြစ်ပြီး ​အဲဒီနေရာက ​လူနာတွေကို ​ခေါ်ထုတ်ရတာ ​အန္တာရာယ်များလို့ ​ရပ်တန့်လိုက်တာ ​ဖြစ်ပြီး ​ဒီလို ​ဖြစ်ရတာဟာ ​သူပုန်သာမက ​ဆီးရီးယား ​အစိုးရရဲ့ ​လက်ချက်ပါ ​ပါဝင်တယ်လို့ ​ပြောဆိုလိုက်ပါတယ်။

ကူညီကယ်ဆယ်ရေး ​သမားတွေ၊ ​ကျန်းမာရေး ​အမှုထမ်းတွေ ​ဝင်ရောက်ခွင့် ​ရဖို့အတွက် ​အစိုးရဘက်က ​ခွင့်ပေးဖို့ ​အချိန်ဆွဲတာတွေ၊ ​သူပုန်ဘက်က ​တောင်းဆိုချက် ​များတာတွေကြောင့် ​ကူညီကယ်ဆယ်ရေး ​လုပ်ငန်းကို ​ရပ်တန့်လိုက်တာလို့ ​ဆိုပါတယ်။

သူပုန်တွေ ​သိမ်းပိုက်ထားတဲ့ ​အလက်ပိုမြို့ ​အရှေ့ပိုင်းမှာ ​ကူညီကယ်ဆယ်ရေး ​မလုပ်နိုင်ပေမယ့် ​အစိုးရက ​နေရာယူထားတဲ့ ​အလက်ပိုမြို့ဖက်ခြမ်းမှာတော့ ​ပြည်သူတချို့ကို ​ကူညီကယ်ဆယ်ရေးလုပ်ငန်း ​တချို့ ​လုပ်နိုင်ခဲ့တယ်လို့ ​ဆီးရီးယား ​မီဒီယာမှာ ​ဖော်ပြထားပါတယ်။