Annoucement

 မြန်မာဌာန၏ ​ဝန်ဆောင်မှုများအား ​ရပ်တန့်လိုက်ပြီး ​အကြောင်းအရာများအား ​ဝဘ်ဆိုက်တွင် ​မှတ်တမ်းတင်ထားပါသည်။ http://ausp.lu/2fm5qSv တွင် လေ့လာနိုင်ပါသည်။ 

IS က ပြည်သူတွေကို သတ်ဖြတ်လို့ ကုလဆို

IS က ပြည်သူတွေကို သတ်ဖြတ်လို့ ကုလဆို

IS က ပြည်သူတွေကို သတ်ဖြတ်လို့ ကုလဆို

ရေးသားချိန် 26 October 2016, 17:50 AEDT

အီရတ်နိုင်ငံ ​Mosul ​မြို့ကို ​IS ​အစ္စလာမ်မစ်ရဲ့ ​လက်ထဲကနေ ​ပြန်လည်ရယူဖို့ ​ထိုးစစ်ဆင်နေတုန်းမှာပဲ ​IS ​အဖွဲ့က ​ပြည်သူတွေကို ​သတ်ပစ်နေတယ် ​ဆိုတဲ့ ​သတင်းတွေ ​ရရှိထားတယ်လို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။

ပြည်သူတွေကို ​IS ​က ​လူသားဒိုင်းကာလို ​အသုံးပြုတာတွေ၊ ​Safina ​ရွာက ​ပြည်သူ ​၁၅ ​ယောက်ကို ​သတ်ပစ်ပြီး ​မြစ်ရေထဲ ​ပစ်ချလိုက်တာမျိုးတွေ ​လုပ်တယ်ဆိုတာကို ​သိနေရတယ်လို့ ​ကုလသမဂ္ဂ ​အကြီးအကဲ ​တစ်ဦးဖြစ်တဲ့ ​Rupert ​Colville ​က ​ပြောပါတယ်။

သြစတြေးလျနိုင်ငံ ​ကာကွယ်ရေး ​ဝန်ကြီး ​Marise ​Payne ​ကတော့ ​Mosul ​မြို့မှာ ​အီရတ်စစ်သားဘက်က ​အသာစီးရနေတာကို ​ကြားရတာ ​အားရမိတယ်လို့ ​ပြောပါတယ်။

IS ​ရဲ့ ​လက်ထဲကနေ ​Mosul ​မြို့ကို ​ပြန်လည် ​သိမ်းပိုက်နိုင်ဖို့ ​အီရတ်စစ်သားနဲ့ ​Kurdish ​တပ်သား ​သုံးသောင်းလောက်က ​မဟာမိတ်နိုင်ငံတွေရဲ့ ​အကူအညီနဲ့ ​ထိုးစစ်ဆင်နေတာ ​ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံမှာ ​IS ​အဖွဲ့ကို ​ချေမှုန်းနိုင်ဖို့အတွက် ​ညီလာခံ ​ကျင်းပနေပြီး ​ညီလာခံ ​တက်ရောက်နေတဲ့ ​သြစတြေးလျ ​ကာကွယ်ရေး ​ဝန်ကြီးကတော့ ​Mosul ​မြို့မှာ ​အီရတ်ဘက်က ​အသာရနေတယ်ဆိုတာကို ​သိရလို့ ​အားရပေမယ့် ​IS ​အန္တာရာယ်က ​အဲဒီမြို့မှာပဲ ​ရပ်တန့်သွားတာ ​မဟုတ်တဲ့အကြောင်း၊ ​ဒီထက်မက ​တိုက်ခိုက်ချေမှုန်းဖို့ ​ဘာတွေ ​လုပ်ရမလဲ ​ဆိုတာကို ​ဆွေးနွေးကြသလို ​IS ​နဲ့ ​ပူးပေါင်းခဲ့တဲ့ ​လူတွေက ​ဆိုင်ရာ ​နိုင်ငံကို ​ပြန်လာတာမျိုးတွေ ​ရှိတဲ့အတွက် ​အဲဒီရန်ကို ​ဘယ်လို ​ကာကွယ်ကြမလဲ ​ဆိုတဲ့အကြောင်းတွေကို ​ဆွေးနွေးကြတယ်လို့ ​ပြောပြသွားပါတယ်။

Raqqa ​မြို့ကိုလည်း ​ထိုးစစ်ဆင်ဖို့ ​ပြင်ဆင်နေပြီ

အမေရိကန် ​အစိုးရကတော့ ​အီရတ်နိုင်ငံ ​Mosul ​မြို့ ​ပြန်လည် ​သိမ်းပိုက်ရေးမှာ ​အပြီးသတ် ​အောင်မြင်မှု ​မရခင် ​ဆီးရီးယားနိုင်ငံအတွင်းက ​Raqqa ​မြို့ကို ​IS ​ရဲ့ ​လက်ထဲကနေ ​ပြန်လည် ​သိမ်းပိုက်နိုင်အောင် ​လုပ်ဆောင်မယ် ​ဆိုတဲ့ ​အရိတ်အမွတ် ​စကားတွေ ​ပြောဆိုနေပြီလို့လည်း ​သိရပါတယ်။

Raqqa ​မြို့ ​ထိုးစစ်ဆင်မှုကို ​ဘယ်အချိန် ​စတင်မလဲ ​ဆိုတာကို ​အမေရိကန် ​ကာကွယ်ရေးဝန်ကြီး ​Ash ​Carter ​က ​အချိန်အတိအကြ ​မပြောခဲ့ပေမယ့် ​အခုလောလောဆယ် ​ပြင်ဆင်မှုတွေ ​လုပ်နေပြီလို့ ​ပြောပါတယ်။

အဲဒီထိုးစစ်ဆင်မှုက ​Mosul ​မြို့ ​ထိုးစစ်ဆင်မှုနဲ့ ​တိုက်ဆိုင်နိုင်တယ်လို့လည်း ​နိုင်ငံပေါင်း ​၁၃ ​နိုင်ငံ ​တက်ရောက်နေတဲ့ ​အစည်းအဝေးမှာ ​အမေရိကန် ​ကာကွယ်ရေး ​ဝန်ကြီးက ​ပြောသွားတာ ​ဖြစ်ပါတယ်။ 

Mosul ​မြို့နဲ့ ​Raqqa ​မြို့ကို ​IS ​ရဲ့ ​လက်ထဲကနေ ​ပြန်သိမ်းယူနိုင်ရင်တော့ ​IS ​အတွက် ​အများကြီး ​အထိနာနိုင်တယ်လို့ ​သုံးသပ်နေကြပါတယ်။

ပြင်သစ် ​သမ္မတ ​Froncois ​Hollande ​ကတော့ ​Mosul ​မြို့က ​IS ​တိုက်ခိုက်ရေးသမားတွေ ​ထိခိုက်နစ်နာမှု ​များလာတာနဲ့အမျှ ​ပြည်ပမှာ ​ရောက်နေတဲ့ ​IS ​အဖွဲ့ဝင်တွေ ​အကြမ်းဖက် ​တိုက်ခိုက်မှု ​ပိုလုပ်မှာကို ​စိုးရိမ်ရတယ်လို့လည်း ​သတိပေးလိုက်ပါတယ်။

 

ကဏ္ဍများ