Annoucement

 မြန်မာဌာန၏ ​ဝန်ဆောင်မှုများအား ​ရပ်တန့်လိုက်ပြီး ​အကြောင်းအရာများအား ​ဝဘ်ဆိုက်တွင် ​မှတ်တမ်းတင်ထားပါသည်။ http://ausp.lu/2fm5qSv တွင် လေ့လာနိုင်ပါသည်။ 

ထိုင်းရောက် မြန်မာဒုက္ခသည် တချို့ နေရပ်ပြန်ပြီ

ထိုင်းရောက် မြန်မာဒုက္ခသည် တချို့ နေရပ်ပြန်ပြီ

ထိုင်းရောက် မြန်မာဒုက္ခသည် တချို့ နေရပ်ပြန်ပြီ

ရေးသားချိန် 26 October 2016, 18:15 AEDT

ထိုင်းနိုင်ငံမှာ ​ရောက်ရှိနေတဲ့ ​မြန်မာ ​ဒုက္ခသည် ​၆၈ ​မိသားစုက ​ကိုယ်ပိုင် ​ဆုံးဖြတ်ချက်တွေနဲ့ ​မြန်မာနိုင်ငံထဲကို ​ပထမဆုံးအသုတ်အနေနဲ့ ​နေရပ်ကို ​ပြန်သွားပြီ ​ဖြစ်ပါတယ်။

ထိုင်းနဲ့ ​မြန်မာ ​အစိုးရတို့က ​ဒုက္ခသည် ​စခန်းက ​မြန်မာဒုက္ခသည်တွေကို ​ပြန်လည်ခေါ်ယူဖို့ ​သဘောတူညီခဲ့ကြပြီး ​အလိုတူ ​အလိုပါ ​နေရပ်ပြန်လိုသူတွေကို ​ပြန်လည် ​ခေါ်ယူနေတာ ​ဖြစ်ပါတယ်။

ဒုက္ခသည် ​မိသားစု ​၆၈ ​စုက ​ပထမဆုံးအသုတ်အနေနဲ့ ​ပြန်သွားတာ ​ဖြစ်ပြီး ​အဲဒီလို ​ပြန်သွားတဲ့ ​လူတွေထဲမှာ ​Nupo ​ဒုက္ခသည် ​စခန်းက ​မိသားစုဝင်တွေ၊ ​Tak ​ခရိုင်မှာ ​ရှိတဲ့ ​ဒုက္ခသည် ​စခန်းက ​ဒုက္ခသည်တွေနဲ့ ​Ratchaburi ​ဒေသ ​ဒုက္ခသည် ​စခန်းက ​မိသားစုဝင်တွေ ​ပါဝင်ပါတယ်။

အဲဒီ ​ဒုက္ခသည်တွေအတွက် ​မြန်မာ ​အစိုးရဘက်က ​လူတွေ ​ရောက်လာပြီး ​မြန်မာနိုင်ငံသား ​ဖြစ်ကြောင်း ​သက်သေခံ ​လက်မှတ်ထုတ်ပေးပြီးနောက် ​မြန်မာနိုင်ငံကို ​ပြန်သွားကြတာ ​ဖြစ်ပါတယ်။

ထိုင်း-မြန်မာ ​နယ်စပ်မှာ ​မြန်မာဒုက္ခသည် ​စခန်း ​၉ ​ခုရှိပြီး ​ဒုက္ခသည် ​အယောက်ပေါင်း ​တစ်သိန်းကျော် ​ရှိနေဆဲ ​ဖြစ်ပါတယ်။

အဲဒီ ​ဒုက္ခသည် ​စခန်းက ​နှစ်ပေါင်း ​၃၀ ​လောက် ​တည်ရှိလာတဲ့အတွက် ​တချို့လူတွေက ​ဒုက္ခသည် ​စခန်းမှာပဲ ​မွေးလာပြီး ​နိုင်ငံမဲ့ ​ဖြစ်နေရပါတယ်။

ထိုင်းအစိုးရကလည်း ​နယ်စပ်တလျှောက်မှာ ​ရှိနေတဲ့ ​ဒုက္ခသည် ​စခန်းကို ​ပိတ်ချပြီး ​မြန်မာနိုင်ငံသား ​အားလုံးကို ​ပြန်ပို့ချင်ပေမယ့် ​အခုလောလောဆယ် ​အချိန်ယူပြီး ​လုပ်ဆောင်နေကြတယ်လို့လည်း ​ရိုက်တာ ​သတင်းမှာ ​ဖော်ပြထားပါတယ်။