ABC ​Radio ​Australia

ရေဒီယိုသြစတြေးလျသည် ​အာရှနှင့် ​ပစိဖိတ်ဒေသနိုင်ငံများကို ​ပစ်မှတ်ထားပြီး ​သြစတြေးလျနိုင်ငံသူ ​နိုင်ငံသားတွေရဲ့ ​အမြင်နဲ့ ​သဘောထားတွေကို ​အာရှပစိဖိတ်ဒေသက ​ပြည်သူတွေနဲ့ဖလှယ်နေခြင်း ​ဖြစ်ပါတယ်။ ​ရေဒီယိုသြစတြေးလျ၏ ​သတင်းအချက်အလက်များကို ​ရေဒီယို၊ ​အင်တာနက်ဝဘ်ဆိုက်၊ ​မိုဘိုင်းလက်ကိုင်ဖုန်းနဲ့ ​လူမူကွန်ယက်စာမျက်နှာတွေမှာ ​ထုတ်လွင့်ဖော်ပြပြီး ​လူမျိုး ​ဘာသာ ​ယဉ်ကျေးမူပေါင်းစုံ ​ရှိတဲ့ ​အာရှ၊ ​ပစိဖိတ်ဒေသက ​ပြည်သူတွေနှင့် ​သတင်းအချက်အလက်များ ​အပြန်အလှန်ဆွေးနွေးခြင်းနှင့် ​အကြံဥာဏ်များ ​ဖလှယ်နိုင်ရန် ​ဦးစားပေးလုပ်ဆောင်နေပါသည်။

ရေဒီယိုသြစတြေးလျသည် ​အေဘီစီရုပ်မြင့်သံကြားသတင်းဌာန၏ ​အပြည်ပြည်ဆိုင်ရာ ​ကဏ္ဍတွင်၎င်း ​အောင်လိုင်းဝန်ဆောင်မူများတွင်၎င်း ​အဓိကဝန်ဆောင်မူပေးနေပြီး ​ရေဒီယိုသြစတြေးလျသည် ​ပညာရေးဆိုင်ရာ၊ ​သတင်းအချက်အလက်များဆိုင်ရာ၊ ​ဖျော်ဖြေရေးဆိုင်ရာအချက်အလက်များကို ​ရှာဖွေထုတ်လွင့်ပေးလျက်ရှိပြီး ​ဒေသတွင်းဖြစ်ပျက်နေသောအကြောင်းအရာများကို ​အမြင်ပေါင်းစုံ၊ ​ရှုထောင့်ပေါင်းစုံက ​မြင်နိုင်ရန် ​တင်ပြ ​ပေါင်းကူးပေးလျက်ရှိပါသည်။

ရေဒီယိုသြစတြေးလျကထုတ်လွင့်သောအကြောင်းအရာများတွင် ​သြစတြေးလျယဉ်ကျေးမူအကြောင်း၊ ​လူမူအသင်းအဖွဲ့အကြောင်း ​များပါဝင်ပြီး ​သတင်းများ၊ ​သုံးသပ်ချက်များ၊ ​အင်္ဂလိပ်စာသင်ခန်းစာများနှင့် ​သြစတြေးလျအကြောင်းသိကောင်းစရာများပါဝင်ပါသည်။

ရေဒီယိုသြစတြေးလျ၏ထုတ်လွင့်ချက်များသည် ​အာရှနှင့် ​ပစိဖိတ်နိုင်ငံများအတွက် ​အဓိကထုတ်လွင့်ပေးနေခြင်းဖြစ်ပြီး ​မြန်မာ၊ ​တရုတ်၊ ​အင်ဒိုနီးရှား၊ ​ပြင်သစ်၊ ​ခမာ၊ ​တိုပီရှန်နှင့် ​ဗီယက်နမ်ဘာသာစကားများဖြင့် ​ထုတ်လွင့်ပေးလျက်ရှိပါသည်။

 

ဆက်သွယ်ရန်

  • စာတိုက်
    Radio Australia
    GPO Box 428, Melbourne
    Australia 3001
  • တယ်လီဖုန်း
    ပြည်ပကဆက်သွယ်ရန်
    +61 3 9626 1500
  • သြစတြေးလျနိုင်ငံမှ ဆက်သွယ်ရန်
    03 9626 1500
  • ဖက်စ်
    ပြည်ပကဆက်သွယ်ရန်
    +61 3 9626 1899
  • သြစတြေးလျနိုင်ငံမှ ဆက်သွယ်ရန်
    03 9626 1899