လမ်းညွှန်ချက်များ

ရေဒီယို သြစတြေးလျမှ ဝေဖန် အကြံပြု ဆွေးနွေးချက်များ အားလုံးကို ကြိုဆိုပါသည်။ အသံလွှင့်ချက်များနှင့် ပတ်သက်၍သာမက အွန်လိုင်းအစီအစဉ်များနှင့်ပတ်သက်၍လည်း ဝေဖန်အကြုံပြုနိုင်ပါသည်။ ဝေဖန်အကြုံပြုချက်များကို ကြိုဆိုသော်လည်း ဝင်ရောက်ဆွေးနွေးသူများအားလုံး တစ်ဦးကိုတစ်ဦး ချစ်ခင်လေးစားစွာ ဆက်ဆံပြောဆိုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ မှတ်ချက်များအားလုံးကို ရေဒီယိုသြစတြေးလျ မော်ဒရေတာမှ စီစစ်သွားမည်ဖြစ်ပါသည်။ မှတ်ချက်များအားလုံးသည် အေဘီစီမှ ချမှတ်ထားသောစည်းမျဉ်းများနှင့် ကိုက်ညီရမည်ဖြစ်ပါသည်။


အကြံပြုပါ။ ရေဒီယိုသြစတြေးလျ ဝဘ်ဆိုက်ပေါ်မှ အစီအစဉ်များနှင့်ပတ်သက်ပြီး အမြင်မျိုးစုံကို ရေဒီယိုသြစတြေးလျက သိလိုပါသည်။

လေးစားပါ။ အခြားသူများအတွက် ထိခိုက်စေမည့် အသုံးအနှုံးများကို ရှောင်ပါ။ နာမည်ဖျက်ခြင်း၊ စော်ကားခြင်း၊ အနိုင်ကျင့်ခြင်းနှင့် လူမျိုးရေးခွဲခြားခြင်း အပါအဝင် ဥပဒေအရ အရေးယူနိုင်သည့် ချိုးဖောက်မှုများအားလုံးကို ရှောင်ရှားပါ။

ဖလှယ်ပါ။ မိမိ၏ မှတ်ချက်များနှင့် သင့်လျော် ဆက်စပ်သော အခြား ဝဘ်ဆိုက်နှင့် သတင်းများကို အခြားသူများနှင့် ဖလှယ်ပေးပါ။

လမ်းကြောင်းမလွဲပါစေနှင့်။ ဆွေးနွေးဖလှယ်နေသော အကြောင်းအရာနှင့် သွေဖည်သည့်မှတ်ချက်များကို ရှောင်ပါ။ ဆွေးနွေးနေကြသော အကြောင်းအရာနှင့် သက်ဆိုင်ခြင်းမရှိသော မှတ်ချက်များကို ဖယ်ရှားသွားမည် ဖြစ်ပါသည်။

ရိုးသားပါ။ မှားယွင်းသော သို့မဟုတ် နားလည်မှုလွဲစေနိုင်သော သို့မဟုတ် အန္တာရာယ်ဖြစ်စေနိုင်သော မှတ်ချက်များကို ရှောင်ရှားပါ။

အခြားသူများ၏ အမြင်ကို လေးစားပါ။ မှတ်ချက်ပေးခွင့်ပြုထားခြင်း၏ အကြောင်းရင်းသည် အပြုသဘောဆောင်သော ဝေဖန်ဆွေးနွေးမှုများရှိနေစေရန် ဖြစ်သည်။ ထို့ကြောင့် အခြားသူများ၏အမြင်ကိုလည်း လေးစားတန်ဖိုးထားတတ်ဖို့ လိုအပ်ပါသည်။

မူပိုင်ခွင့်နှင့် ဆက်စပ်သည့်ဥပဒေများကို လေးစားပါ။ မိမိပိုင်ဆိုင်သည့် သို့မဟုတ် ခွင့်ပြုမှုရရှိထားသည်တို့ကိုသာ လွတ်လပ်စွာဖလှယ်ပါ။

ရေဒီယိုသြစတြေးလျ အွန်လိုင်းမိသားစုနေရာကို မိမိလုပ်ငန်းအဖွဲ့အစည်းအတွက် အလွဲသုံးစားမလုပ်ပါနှင့်။ ဘက်မလိုက်ခြင်း၊ စီးပွားရေးလုပ်ငန်းများ၏ ကြိုးကိုင်ချယ်လှယ်မှုကင်းရှင်းခြင်းသည် ရေဒီယိုသြစတြေးလျ၏ ရပ်တည်ချက်ဖြစ်ပါသည်။