Disqus ဆိုတာဘာလဲ။
ရေဒီယိုသြစတြေးလျစာမျက်နှာပေါ်မှာ မှတ်ချက်တွေပေးနိုင်အောင် Disqus ကို အသုံးပြုပါတယ်။ Disqus ကိုအသုံးပြုပြီး မှတ်ချက်ပေးရာမှာ လူမူကွန်ယက်ဝက်ဆိုက်တွေထဲဝင်ဖို့အတွက် အသုံးပြုတဲ့ Login ကို အသုံးပြုနိုင်သလို ဧည့်သည်တယောက်အဖြစ်လည်း မှတ်ချက်ပေးနိုင်ပါတယ်။ မှတ်ချက်တွေအားလုံး အေဘီစီရေဒီယိုသြစတြေးလျရဲ့ ဝက်ဆိုက်နဲ့ လူမူကွန်ယက်ဝက်ဆိုက်မှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။Disqus ကို အသုံးပြုဖို့အတွက် Login လုပ်တဲ့အခါ Disqus ကို အသုံးပြုတဲ့ တခြားဝက်ဆိုက်တွေကလည်း သင့်ရဲ့ လုပ်ရပ်တွေကို မြင်နိုင်မှာဖြစ်ပါတယ်။
မှတ်ချက်။ ။ ဒီဝက်ဆိုက်မှာ မှတ်ချက်ရေးဖို့အတွက် အင်္ဂလိပ်ဘာသာလို ရေးသားထားတဲ့ အေဘီစီရဲ့ Conditions of Use နဲ့ Disqus ရဲ့ Terms and Policies ကို လိုက်နာရမှာဖြစ်ပါတယ်။
ShareThis ဆိုတာဘာလဲ။
ShareThis ကတော့ ဘယ်သတင်းအချက်ကိုမဆို မိမိရဲ့ ဆက်သွယ်မူစာရင်းထဲမှာရှိသူတွေကို တဆင့်မျှဝေနိုင်အောင် စွမ်းဆောင်ပေးတဲ့ တတိယအဖွဲ့ဝန်ဆောင်မူဖြစ်ပါတယ်။ သတင်းအချက်အလက်တွေကို အီးမေးလ်ကတဆင့် ဒါမှမဟုတ် လူမူကွန်ယက်တွေကတဆင့် ကြိုက်သလောက် မျှဝေလို့ရနိုင်အောင် စီစဉ်ပေးထားတာဖြစ်ပါတယ်။ မျှဝေရန် ဆိုတဲ့ နေရာကို နှိပ်လိုက်ရုံနဲ့ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖြည့်စွက်အတည်ပြုခိုင်းပြီး သတင်းအချက်အလက်တွေကို ဘယ်လို မျှဝေချင်သလဲဆိုတာကိုလည်း ရွေးချယ်ခိုင်းမှာဖြစ်ပါတယ်။
အင်္ဂလိပ်စာသင်ခန်းစာကို တောင်းဆိုနိုင်ပါသလား ဒါမှမဟုတ် ဒီကနေ့အတွက် ရွေးချယ်တဲ့ စကားရဲ့ အဓိပ္ပာယ်ကို ပေးပို့လို့ရပါသလား။
ရပါတယ်။ အင်္ဂလိပ်သင်ခန်းစာတွေနဲ့ အင်္ဂလိပ်ဆောင်းပါးတွေရဲ့အောက်က လင့် (link)ကိုအသုံးပြုပြီး မိမိတောင်းဆိုလိုတာတွေ အကြံပြုလိုတာတွေကို ပေးပို့လို့ရပါတယ်။ မှတ်ချက်ပေးလို့ရတဲ့ နေရာကနေတဆင့် မှတ်ချက်ပေးတာတွေ၊ Facebook၊ Twitter ဒါမှမဟုတ် Contact us မှာ ဖောင်ဖြည့်ပြီးတော့လည်း အများမမြင်သာအောင် သီးသန့် ဆက်သွယ်ပြီး တောင်းဆိုမူပြုနိုင်ပါတယ်။
‘Community Guidelines” ဆိုတာဘာလဲ။
Community Guidelines က လူမူကွန်ယက်ဝန်ဆောင်မူနဲ့ ပတ်သက်ပြီး ဘယ်လို ကိုင်တွယ်ကြပ်မတ်စောင့်ကြည့်နေသလဲဆိုတာကို ရှင်းပြထားပါတယ်။ ရေဒီယိုသြစတြေးလျအနေနဲ့ အမြင်အမျိုးမျိုး၊ အတွေ့အကြုံအမျိုးမျိုး၊ စိတ်ကူးစိတ်သန်းအမျိုးမျိုးကို ဖော်ပြတဲ့ အကြောင်းအရာတွေအပေါ် အပြန်အလှန်ဆွေးနွေးပြောဆိုတာတွေကို ကြိုဆိုလျက်ရှိပါတယ်။ အကြောင်းအရာတွေအပေါ် စကားနိုင်လုသလိုပြောဆိုဆွေးနွေးတာတွေ၊ ဝေဖန်သုံးသပ်ချက်တွေပြုလုပ်ဖို့ ရေဒီယိုသြစတြေးလျက အားပေးအားမြောက်ပြုသလိုပဲ လာရောက်ဆွေးနွေးသူတွေအနေနဲ့လည်း တဦးပေါ်တဦး လေးလေးစားစားရှိကြဖို့ မျော်လင့်ပါတယ်။ ABC မှာလည်း လူမူကွန်ယက်ဝန်ဆောင်မူနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ ပေါ်လစီရှိတဲ့အတွက် အဲဒီပေါ်လစီကို လိုက်နာဖို့ အေဘီစီမှာတာဝန်ရှိပါတယ်။ သီးသန့်လွတ်လပ်မူ၊ မှန်ကန်မူ၊ ဘက်မလိုက်မူ၊ ထိခိုက်နစ်နာမူတွေနဲ့ စီးပွားရေးဆန်တဲ့ ကိစ္စတွေရှိနေတာကြောင့် သောတရှင်တွေရဲ့ ဆွေးနွေးမူကို ပေါ်လစီအတိုင်း ကိုင်တွယ်ဖြေရှင်းရတာဖြစ်ပါတယ်။
သတင်းတွေအပေါ်မှတ်ချက်ပေးနိုင်ပါသလား။
ရေဒီယိုသြစတြေးလျဝက်ဆိုက်မှာတင်ထားတဲ့ ဘယ်သတင်းကိုမဆို မှတ်ချက်ပေးနိုင်ပါတယ်။ သတင်းတိုင်းရဲ့ အောက်မှာ မှတ်ချက်ပေးနိုင်တဲ့နေရာရှိပါတယ်။ အဲဒါ့အပြင် Communities စာမျက်နှာမှာရှိတဲ့ ရေဒီယိုသြစတြေးလျရဲ့ လူမူကွန်ရဲ့ဝန်ဆောင်မူတွေမှာလည်း ပါဝင်ဆွေးနွေးနိုင်ပါတယ်။ ဒါမှမဟုတ် သတင်းတွေ မျှဝေနိုင်အောင် ပြုလုပ်ထားတဲ့နေရာကနေတဆင့် သူငယ်ချင်း မိတ်ဆွေတွေကို မျှဝေပြီး မှတ်ချက်ပေးနိုင်အောင်လဲ ပြုလုပ်ပေးထားပါတယ်။
မှတ်ချက်။ ။ ရေဒီယိုသြစတြေးလျက ရရှိထားတဲ့ မှတ်ချက်တွေအားလုံးကို စီစစ်ကြပ်မတ်မူတွေပြုလုပ်ပါတယ်။ စီစစ်ကြပ်မတ်မူနဲ့ ပတ်သက်ပြီး သိလိုရင်တော့ Community Guidelines ဆိုတဲ့နေရာကိုသွားပြီး ဖတ်ရှူနိုင်ပါတယ်။
အကယ်လို့ မကျေနပ်ချက်တွေ ဒါမှမဟုတ် အကြံပြုချက်တွေရှိခဲ့ရင်တော့ Contact Us မှာ လျောက်လွာဖြည့်စွက်ပြီး ရေဒီယိုသြစတြေးလျကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
သောတရှင်တွေရဲ့ ဝေဖန် အကြံပြုချက်တွေကို ရေဒီယိုသြစတြေးလျက တုန့်ပြန်ပါသလား။
ရေဒီယိုသြစတြေးလျကို ဝေဖန်ထားတာတွေ၊ အကြံပြုထားတာတွေ၊ မှတ်ချက်ပေးထားပြီး တုန့်ပြန်စေလိုရင်တော့ မိမိရဲ့ ဝေဖန်အကြံပြုချက်တွေ မှတ်ချက်တွေကို Contact Us လျောက်လွာဖြည့်ပြီး ပို့ပေးရမှာဖြစ်ပါတယ်။ တခါတရံ ရေဒီယိုသြစတြေးလျက မှတ်ချက်ပေးထားတဲ့ နေရာမှာ တုန့်ပြန်မူပြုတာတွေ၊ ဒါမှမဟုတ် လူမူကွန်ယက်ဝက်ဆိုက်ကနေတဆင့် တုန့်ပြန်တာတွေလုပ်တတ်ပေမဲ့ အဲဒီနေရာတွေမှာ ဝေဖန်အကြံပြုရမယ်လို့ မသတ်မှတ်ပဲ Contact Us မှာ လျောက်လွာဖြည့်စွက်ပြီး ပေးပို့သင့်ပါတယ်။
ရေဒီယိုသြစတြေးလျက ပွင့်လင်းမြင်သာမူကို အလေးထားပြီး သောတရှင်တွေရဲ့ ဝေဖန်ချက်တွေကို အလေးထားလျက်ရှိပါတယ်။ ဝေဖန်ချက်နဲ့ ပတ်သက်ပြီး အင်္ဂလိပ်ဘာသာလိုရေးသားထားတဲ့ ပေါ်လစီကိုလည်း ဒီနေရာမှာ ရယူနိုင်ပါတယ်။ ရက်အနည်းငယ်အတွင်း အမြန်ဆုံးအကြောင်းပြန်နိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ရေဒီယိုသြစတြေးလျရဲ့ ဝက်ဆိုက်နဲ့ ရေဒီယိုအသံထုတ်လွင့်ချက်တွေထဲမှာ Twitter ကိုအသုံးပြုရင် hashtag အသုံးပြုဖို့ မှာကြားလေ့ရှိပါတယ်။ ကျနော်၊ကျမမှာ Twitter account ရှိပါတယ်။ ဒါကြောင့် hasttags ကို ဘယ်လိုအသုံးပြုရမလဲ။
မိမိစိတ်ဝင်စားနေတဲ့ အကြောင်းအရာတွေကို မိမိရဲ့သူငယ်ချင်းတွေ သိအောင် အသိပေးတဲ့ software ဖြစ်ပါတယ်။ ပြီးတော့ ဆက်စပ်မူရှိတဲ့အကြောင်းအရာတွေကို စုဆောင်းပေးပါတယ်။
Hashtags ဟာ Tweet ထဲမှာ အကြောင်းအရာတခုခု ဆွေးနွေးလိုတဲ့အခါ အသုံးပြုဖို့ သင့်တော်တဲ့အရာဖြစ်ပါတယ်။ Tweet ရဲ့ အစပိုင်းမှာ ဖြစ်နေစရာမလိုပဲ ကိုယ်ပြောလိုတဲ့အကြောင်းအရာရဲ့ တစိတ်တပိုင်းဖြစ်ဖို့သာ လိုအပ်ပါတယ်။ ဥပမာ- “Interesting interview on Radio Australia right now (လောလောဆယ် ရေဒီယိုသြစတြေးလျရဲ့ စိတ်ဝင်စားဖွယ်ရာဆွေးနွေးခန်း) . #raonair” လို့ထည့်လိုက်ရင် ရှာဖွေထားတဲ့ ရလဒ်တွေ ဒီနေရာမှာ ကြည့်လို့ရပါတယ်။
ABC Tweeter ကနေတဆင့် ရရှိထားတဲ့ Tweets တွေ အားလုံးကို အေဘီစီရဲ့ ပေါ်လစီနဲ့အညီကိုယ်တိုင်ကြပ်မတ်ပြီး ဒီအကြောင်းတွေကို အင်္ဂလိပ်ပါသာလို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။ ဒါပေမဲ့ ရေဒီယိုသြစတြေးလျလျနဲ့ဆက်စပ်တဲ့ hashtags တွေနဲ့ သောတရှင်တွေက ကြီးကြပ်ထားတဲ့တုန့်ပြန်ချက်တွေကိုတော့ ရေဒီယိုသြစတြေးလျက ကြပ်မတ်တာမလုပ်ထားတဲ့အတွက် အဲဒီမှာပါဝင်တဲ့အကြောင်းအရာတွေကို ရေဒီယိုသြစတြေးလျက တာဝန်ယူမှာမဟုတ်ပါဘူး။
မှတ်ချက်။ ။ ရေဒီယိုသြစတြေးလျရဲ့ suggested hashtags မှာ အပြန်အလှန်ပြောဆိုဆွေးနွေးမူတွေဟာ အင်္ဂလိပ်ဘာသာ အဓိက ပါဝင်မှာဖြစ်ပါတယ်။
သောတရှင်တွေရဲ့ လှုပ်ရှားမူနဲ့ ပတ်သက်ပြီး ရေဒီယိုသြစတြေးလျက မှတ်တမ်းတင်လေ့ရှိပါသလား။
ရေဒီယိုသြစတြေးလျစာမျက်နှာမှာ မှတ်ချက်ပေးပြီးတာနဲ့ သောတရှင်တွေအနေနဲ့ မိမိရဲ့ မှတ်ချက်ကို ပြန်လည်ပြင်ဆင်တည်းဖြတ်လို့ရမှာမဟုတ်သလို ထုတ်ပစ်လို့လဲရမှာမဟုတ်တော့ပါဘူး။ အဲဒါ့အပြင် တခြားဝက်ဆိုက်နဲ့ လူမူကွန်ယက်ဝက်ဆိုက်တွေကို အသုံးပြုပြီး မှတ်ချက်ပေးထားမယ်ဆိုရင် အဲဒီဝက်ဆိုက်က သတ်မှတ်ထားချက်တွေကို လိုက်နာရမှာဖြစ်ပါတယ်။ အေဘီစီမှာ မှတ်ချက်ပေးတာတွေ ဒါမှမဟုတ် တခြားဝက်ဆိုက်မှာ မှတ်ချက်ပေးတာတွေနဲ့ ပတ်သက်ပြီး အင်္ဂလိပ်ဘာသာနဲ့ ရှင်းပြထားထာကို အေဘီစီရဲ့ Conditions of Use မှာ ဖတ်ရှုနိုင်ပါတယ်။
Social bookmarking က ဘာလဲ။
Social bookmarking က စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာပါစာမျက်နှာကို အမှတ်အသား (tag) လုပ်ပြီး အဲဒီစာမျက်နှာကို တခြားအင်တာနက်အသုံးပြုသူတွေနဲ့ မျှဝေလို့ရအောင် လုပ်ပေးနိုင်ပါတယ်။ အကြောင်းအရာတခုခုကို အမှတ်အသားလုပ်ပြီးတာနဲ့ အဲဒီစာမျက်နှာကို တခြားသူတွေက ဖတ်ရှုနိုင်တာတွေ၊ ကောင်းမကောင်း အမှတ်ပေးတာတွေ၊ မှတ်ချက်ပေးတာတွေဒါမှမဟုတ် အဲဒီအကြောင်းအရာကို တခြားသူတွေနဲ့ နောက်တဆင့် မျှဝေတာတွေကို လုပ်နိုင်ပါတယ်။
Social bookmarking ဝန်ဆောင်မူကို အသုံးပြုနိုင်ဖို့အတွက် မှတ်ပုံတင်ထားမယ်ဆိုရင် စာမျက်နှာရဲ့ အပေါ်ပိုင်း ဒါမှမဟုတ် အောက်ပိုင်းမှာရှိတဲ့ share functions ကိုအသုံးပြုပြီး ပါဝင်ဆွေးနွေးမူတွေ ပြုလုပ်နိုင်ပါတယ်။
အီးမေးလ်သတင်းလွှာရယူဖို့ စာရင်းပေးထားပေမဲ့ ခုချိန်ထိဘာသတင်းလွှာမှမရရှိသေးပါဘူး။
အီးမေးလ်သတင်းလွှာရယူဖို့ စာရင်းပေးထားပြီး သတင်းလွှာတွေမရရင်တော့ မိမိရဲ့ အီးမေးလ်မှာရှိတဲ့ Spam ဒါမှမဟုတ် Junk folder ကိုကြည့်ပါ။ တခါတလေ အီးမေးလ်ထဲ စာတွေမလာနိုင်အောင် Spam က ကာကွယ်တားဆီးမူတွေပြုလုပ်တတ်ပါတယ်။
ဒီလိုဖြစ်ရပ်တွေမဖြစ်အောင် အီးမေးလ်လိပ်စာကို မိမိရဲ့ လိပ်စာထဲမှာ ထည့်ထားလို့ရနိုင်ပါတယ်။ ဒီလိုလုပ်တာတောင်မှ အီးမေးလ်မရသေးဘူးဆိုရင်တော့ အင်တာနက်ဝန်ဆောင်မူပေးတဲ့ ဌာနကို ဆက်သွယ်ဖို့ အကြံပြုလိုပါတယ်။