Learn English

သင်ခန်းစာများ

အေဘီစီရေဒီယိုသြစတြေးလျရဲ့ အင်္ဂလိပ်စာသင်ခန်းစာတွေဟာ လေ့လာသူတွေအတွက်လက်တွေ့အသုံးဝင်မဲ့ သင်ခန်းစာတွေဖြစ်အောင် ပြင်ဆင်ထုတ်လွင့်ပေးခြင်းဖြစ်ပါတယ်။ အင်္ဂလိပ်စာသင်ခန်းစာရဲ့ အသံဖိုင်တွေနဲ့ စာသားတွေကို အခမဲ့ ဒေါင်းလုတ် လုပ်နိုင်ပြီး၊ လေ့လာမှတ်သားစရာအချက်အလက်တွေကိုလည်း အသုံးပြုပြီး လေ့လာနိုင်ပါတယ်။

Learn English for Tourism and Hospitality

အခြေခံဟိုတယ်သုံး အင်္ဂလိပ်စာ

အခြေခံဟိုတယ်သုံး အင်္ဂလိပ်စာသင်ခန်းစာမှာ လုပ်ငန်းခွင်အတွက် အသုံးကျမဲ့ အင်္ဂလိပ်စကားပြော ဝေါဟာရတွေ အသုံးအနှုံးကို လေ့လာရမှာဖြစ်ပါတယ်။  အဲ့ဒါ့အပြင် အလုပ်အင်တာဗျူးဖြေဆိုရာမှာ သတိထားရမဲ့ အချက်တွေကို လေ့လာနိုင်ပါတယ်။

ဆိုရှယ်မီဒီယာများမှတဆင့် အင်္ဂလိပ်စာ လေ့လာရန်

သတင်းအရင်းအမြစ်များ
    Facebook logo
    Connect on Facebook

    မိမိပြောဆိုဆွေးနွေးချင်သော အကြောင်းအရာများကို ရေဒီယိုသြစတြေးလျကို ဆက်သွယ်ပြောပြခြင်းအားဖြင့်လည်း အင်္ဂလိပ်စာ အပြန်အလှန်ဖလှယ်နိုင်မည်ဖြစ်ပါသည်။ ရေဒီယိုသြစတြေးလျမှ ဆက်သွယ်လာသူအားလုံးကို ကြိုဆိုနေပါသည်။

    နောက်ဆုံးရ Tweet

    Twitter logo
    Connect on Twitter

    တွစ်တာပေါ်ရှိ ရေဒီယိုသြစတြေးလျအစီအစဉ်များကို စောင့်ကြည့်ခြင်းအားဖြင့်လည်း အင်္ဂလိပ်စကားပြောသူများ၏ ဆွေးနွေးချက်များကို ဖတ်ရှုလေ့လာနိုင်မည် ဖြစ်ပါသည်။

    Learn English
    Radio Australia

    ရေဒီယိုမှ အင်္ဂလိပ်စာလေ့လာရန်

    ရေဒီယိုသြစတြေးလျမှ ထုတ်လွှင့်သော အစီအစဉ်များကို အပတ်စဉ် နားဆင်လေ့လာနိုင်ပါသည်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့အခြေစိုက် ရေဒီယိုသြစတြေးလျသတင်းဌာနမှ ထုတ်လွှင့်သော အင်္ဂလိပ်ပိုင်းအစီအစဉ်များကို နားဆင်ခြင်းအားဖြင့်လည်း အင်္ဂလိပ်စကားကို လေ့လာနိုင်ပါသည်။ သြစတြေးလျယဉ်ကျေးမှုနှင့် လူနေမှုစရိုက်တို့ကို လေ့လာနိုင်ရုံသာမက ဒေသတွင်းက အခြားအကြောင်းအရာတွေကို လေ့လာသွားနိုင်မည်ဖြစ်ပါသည်။

    ရေဒီယို အစီအစဉ်များကို လေ့လာရန်

    တီဗွီမှ အင်္ဂလိပ်စာလေ့လာရန်

    Australia Network ၏ ပညာရေးနှင့် ဖျော်ဖြေရေးအစီအစဉ်များကို စောင့်ကြည့်လေ့လာခြင်းအားဖြင့် သြစတြေးလျနိုင်ငံ၏အကြောင်းကို ပိုမိုနားလည် သိရှိနိုင်ပါသည်။ Australia Network မှ အင်္ဂလိပ်စာလေ့လာရေးအစီအစဉ်များကို ထုတ်လွှင့်လျှက်ရှိရာ IELTS စာမေးပွဲနှင့်သက်ဆိုင်သည့် အထောက်အကူပြုအစီအစဉ်များသာမက အင်္ဂလိပ်စာရေးသားခြင်း၊ အင်္ဂလိပ်စကား ပြောဆို နားထောင်ခြင်းတို့အတွက် အထောက်အကူပြု အစီအစဉ်များကိုလည်း ထုတ်လွှင့်ပေးနေပါသည်။

    တီဗွီ အစီအစဉ်များကို လေ့လာရန်