Annoucement

 မြန်မာဌာန၏ ​ဝန်ဆောင်မှုများအား ​ရပ်တန့်လိုက်ပြီး ​အကြောင်းအရာများအား ​ဝဘ်ဆိုက်တွင် ​မှတ်တမ်းတင်ထားပါသည်။ http://ausp.lu/2fm5qSv တွင် လေ့လာနိုင်ပါသည်။ 

စီးပွားရေးရာ အင်္ဂလိပ်စာ

Learn English for Business

စီးပွားရေးရာ အင်္ဂလိပ်စာ

အပိုင်း ​၂၆ ​ခု ​ပါရှိတဲ့ ​စီးပွားရေးရာ ​အင်္ဂလိပ်စာသင်ခန်းစာက ​သောတရှင်တွေကို ​အောင်မြင်တဲ့ ​အနောက်တိုင်း ​စီးပွားရေးလောကထဲက ​အင်္ဂလိပ်စကားပြောသူတွေနဲ့ ​အပြန်အလှန် ​စကားပြောဆိုဆက်သွယ်ဖို့ ​အထောက်အကူဖြစ်စေပါလိမ့်မယ်။ 

သင်ခန်းစာတွေထဲမှာ ​အစည်းအဝေးအတွင်း ​စကားဖြတ်ပြောတဲ့ ​လူကို ​ဘယ်လို ​ယဉ်ယဉ်ကျေးကျေး ​ဟန့်တားမလဲ၊ ​သူစိမ်းတွေနဲ့ ​စတင် ​တွေ့ဆုံတဲ့အခါ ​ဘယ်လို ​အကြောင်းအရာတွေကို ​စတင်ပြောသင့်သလဲ၊ ​စီးပွားရေးလုပ်ငန်းမှာ ​စီးပွားရေးကိုသာ ​အဓိကမထားပဲ ​စီးပွားဖက် ​ဖြစ်လာမယ့် ​သူတွေနဲ့ ​သူတို့ရဲ့ ​မိသားစုဝင်တွေအပေါ်ကိုပါ ​စိတ်ဝင်တစားရှိသင့်တဲ့အကြောင်းတွေ၊ ​ပြဿနာဖြစ်လာတဲ့အခါ ​ဘယ်လို ​ဖြေရှင်းသွားမလဲ ​စတာတွေကိုပါ ​နားဆင်ရမှာဖြစ်ပါတယ်။

သင်ခန်းစာများ

သင်ခန်းစာ 1 - ​အဖွဲ့နှင့်တွေ့ဆုံခြင်း ​(အပိုင်း ၁) Article has related ra_audio Article has related ra_download

စီးပွားရေးရာ ​အင်္ဂလိပ်စာ ​သင်ခန်းစာ ​(၁) ​"အဖွဲ့နှင့်တွေ့ဆုံခြင်း" ​ပထမပိုင်းမှာ ​အစားအသောက် ​ဖြန့်ချီရေး ​လုပ်ငန်းက ​အဖွဲ့ဝင်တချို့နဲ့ ​တွေဆုံတဲ့ ​အကြောင်းအရာဖြစ်ပြီး ​သင်ဘယ်သူလဲ၊ ​ဘာလုပ်လဲဆိုတာကို ​တိုတိုနဲ့လိုရင်းပြောတဲ့ ​စကားပုံစံကို ​လေ့လာရမှာဖြစ်ပါတယ်။

သင်ခန်းစာ 2 - ​အဖွဲ့နှင့်တွေ့ဆုံခြင်း ​(အပိုင်း ၂) Article has related ra_audio Article has related ra_download

အဖွဲ့နှင့် တွေ့ဆုံခြင်း သင်္ခန်းစာ (၁) မှာတုန်းက နာမည်ရယ်၊ ရာထူးရယ်၊ ကိုယ့်အလုပ်အကြောင်းတွေကို ပြောပြီး ကိုယ့်ကိုကိုယ် ဘယ်လို မိတ်ဆက်ရမလဲ ဆိုတာ ပြောပြပြီး ကိုယ့်နာမည်ကို တယောက်ယောက် အသံထွက်လွဲခေါ်နေရင် ဒါမှမဟုတ် အတိုကောက်ခေါ်ရင် ယဉ်ယဉ်ကျေးကျေးနဲ့ ဘယ်လို့ ပြင်ပေးရမလဲဆိုတာတွေကို လေ့လာခဲ့ပါတယ်။

ဒီသင်္ခန်းစာမှာတော့ အသုံးများတဲ့ စီးပွားရေး အတိုကောက်နာမည်တွေရယ် သြစတြေးလျ ဟာသဉာဏ်တွေနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုသဘောနဲ့ စကားပြောဖို့ ဘယ်လို အစပျိုးသလဲ ဆိုတာတွေကို လေ့လာကြပါမယ်။

သင်ခန်းစာ 3 - ဖုန်းထဲမှာစကားပြောခြင်း (၁) Article has related ra_audio Article has related ra_download

သင်္ခန်းစာ ၃ မှာ လူတစ်ယောက်ကို ဖုန်းထဲမှာ ဘယ်လိုမေးရမလဲဆိုတာရယ် ဘယ်လို စကား မှာ ထားရမလဲဆိုတာရယ်ကို လေ့လာပြီး လေ့ကျင့်ကြမှာပါ။

ဘယ်အချိန်မှာ စောင့်ရမယ် ဘယ်အချိန်မှာ ပြန်ခေါ်ရမယ်ဆိုတာရယ် ပြီးတော့ ဖုန်းခေါ်ဖို့ ဘာတွေပြင်ဆင်ရမယ် ဆိုတာတွေနဲ့ ပတ်သက်တဲ့ အကြံပြုချက် တွေကိုလည်း လေ့လာရမှာဖြစ်ပါတယ်။

သင်ခန်းစာ 4 - ဖုန်းထဲမှာစကားပြောခြင်း (၂) Article has related ra_audio Article has related ra_download

ဒီသင်္ခန်းစာမှာတော့ ဖုန်းထဲမှာ ကိုယ့်ကိုကိုယ် ဘယ်လိုမိတ်ဆက်ရမလဲဆိုတာရယ် ကိုယ့်ရည်ရွယ်ချက်ကို ဘယ်လိုပြောမလဲဆိုတာရယ်ကို လေ့လာကြမှာပါ။

သင်ခန်းစာ 5 - ပထမဆုံး အဆက်အသွယ် (၁) Article has related ra_audio Article has related ra_download

သင်္ခန်းစာ ၅ မှာ ပုဂ္ဂိုလ်ရေး မိတ်ဆက်တာတွေ ဘယ်လိုလုပ်ရမလဲ ဘယ်လို တုံ့ပြန်ရမလဲဆိုတာ လေ့ကျင့်ရမှာပါ။

သင်ခန်းစာ 6 - ပထမဆုံး အဆက်အသွယ် (၂) Article has related ra_audio Article has related ra_download

ဒီသင်ခန်းစာမှာတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို သဘောတူညီချက်တွေ လုပ်ကြမလဲ 'Do you mind...?" ဆိုတဲ့ နည်းနည်း သတိထားရတဲ့ မေးခွန်းတွေကို ဘယ်လို ဖြေမလဲ ဆိုတာနဲ့ စကားဝိုင်းကို လက်စသတ်တဲ့ စကားတွေကို လေ့လာကြမှာပါ။

သင်ခန်းစာ 7 - နောက်ဆက်တွဲ ဆောင်ရွက်ချက် Article has related ra_audio Article has related ra_download

သင်ခန်းစာ ၇ မှာ ကိုယ့်ကိုယ်ကို ဘယ်လို ပြန်မိတ်ဆက်လဲ၊ အဟုတ်ဝါကျနဲ့ အငြင်းဝါကျတွေကို ဘယ်လို တုန့်ပြန်သလဲ ဆိုတာတွေကို လေ့ကျင့်ရပါမယ်။

 

သင်ခန်းစာ 8 - လူကိုယ်တိုင် တွေ့ဆုံခြင်း Article has related ra_audio Article has related ra_download

ဒီသင်္ခန်းစာမှာတော့ ဧည့်ကြိုကောင်တာမှာ သုံးရတဲ့ ဘာသာစကားရယ်၊ လူတွေနဲ့ အပြင်မှာ ကိုယ်တိုင်ပြန်တွေ့ရတာတွေကို လေ့လာကြပါမယ်။

တစ်ခြားလူတွေကို ဘယ်လိုမိတ်ဆက် ပေးရတယ် ဆိုတာရယ်၊ လုပ်ငန်းစီမံချက်တစ်ခုကို နှုတ်နဲ့ ဘယ်လိုရှင်းပြရမလဲ ဆိုတာတွေကို လေ့လာကြပါမယ်။

 

သင်ခန်းစာ 9 - စီးပွားရေးကိစ္စ ပြောဆိုခြင်း (၁) Article has related ra_audio Article has related ra_download

သင်္ခန်းစာ (၉) မှာ ဖောက်သည်တစ်ဦးကို သူဘာလိုတယ်ဆိုတာ ဘယ်လိုမေးမလဲဆိုတာရယ်၊ စီးပွားရေးလုပ်ငန်းကိစ္စ ဘယ်လိုစပြောမလဲဆိုတာရယ် လေ့ကျင့်ကြမှာပါ။

သင်ခန်းစာ 10 - စီးပွားရေးကိစ္စ ပြောဆိုခြင်း (၂) Article has related ra_audio Article has related ra_download

သင်္ခန်းစာ ၁၀ မှာတော့ စီးပွားရေးတိုးမြှင့်တဲ့ အကြောင်းအရာကို ဆက်ပြီးလေ့လာကြည့်ကြမှာပါ။ နှုတ်ဆက်စကားပြောတဲ့ ပုံစံအမျိုးမျိုးနဲ့ အကူအညီပေးဖို့ ကမ်းလှမ်းတာကို ဘယ်လိုကောင်းကောင်းမွန်မွန်ငြင်းပယ်မလဲဆိုတာလဲ လေ့လာကြပါမယ်။

သင်ခန်းစာ 11 - အစည်းအဝေး (၁) Article has related ra_audio Article has related ra_download

သင်္ခန်းစာ (၁၁) မှာ သဘာပတိတစ်ယောက်ရဲ့ အခန်းကဏ္ဍအကြောင်း၊ အစည်းအဝေးတစ်ခုရဲ့ ရည်ရွယ်ချက်ကို ဘယ်လိုဖေါ်ပြမလဲ၊ အစီအစဉ်ကို ဘယ်လို မိတ်ဆက်ပေးမလဲဆိုတာတွေ လေ့လာကြမှာပါ။

စကားကို ဘယ်လိုဖြတ်မလဲ၊ စကားစ ပြတ်သွားတာကို ဘယ်လိုကိုင်တွယ်ကြမလဲနဲ့ သူများပြောတာကို ဘယ်လိုအကျဉ်းချုံးမလဲဆိုတာတွေကိုလည်း လေ့လာကြပါမယ်။

သင်ခန်းစာ 12 - အစည်းအဝေး (၂) Article has related ra_audio Article has related ra_download

သင်္ခန်းစာ ၁၂ မှာတော့ အစည်းအဝေး အစီအစဉ်တွေကို ဆက်ကြည့်ကြပါမယ်။ သဘောတူညီတာ၊ သဘောမတူတာကို ယဉ်ယဉ်ကျေးကျေးနဲ့ ဘယ်လိုပြောဆို ရမယ်ဆိုတာ လေ့လာရမှာပါ။ အစည်းအဝေးတစ်ခုကို ဘယ်လိုရှေ့ဆက်သွားတယ်ဆိုတာရယ် ဘယ်လိုအဆုံးသတ်တယ်ဆိုတာပါ လေ့ကျင့်ကြမှာပါ။

သင်ခန်းစာ 13 - ရှင်းလင်းတင်ပြခြင်း အပိုင်း ၁ Article has related ra_audio Article has related ra_download

သင်္ခန်းစာ (၁၃) မှာ တင်ပြသူကို နည်းလမ်းစနစ်တကျ ဘယ်လို မိတ်ဆက်ပေးမလဲဆိုတာ လေ့လာရပါမယ်။

ရှင်းလင်းတင်ပြခြင်းကို ဘယ်လိုပြင်ဆင်မလဲဆိုတာရယ် ကိုယ့်ရဲ့ ရှင်းလင်း တင်ပြချက်ကို ဘယ်လိုတင်ပြမလဲ၊ ပရိသတ်ကို ဘယ်လိုပြောရမလဲ စတာတွေကို လေ့လာရမှာဖြစ်ပါတယ်။

သင်ခန်းစာ 14 - ရှင်းလင်းတင်ပြခြင်း အဆက် Article has related ra_audio Article has related ra_download

သင်္ခန်းစာ ၁၄ မှာတော့ အပိုင်းတစ်ပိုင်းစီကို ဘယ်လိုအဆုံးသတ်တယ်ဆိုတာရယ် ကိုယ် အသုံးပြုနေတဲ့ အထောက်အကူပစ္စည်းတွေ တစ်ခုခုပျက်နေရင် ဘယ်လိုရှင်းပြမလဲဆိုတာကို လေ့လာကြမှာပါ။

သင်ခန်းစာ 15 - ရှင်းလင်းတင်ပြခြင်း အပိုင်း ၂ Article has related ra_audio Article has related ra_download

သင်္ခန်းစာ ၁၅ မှာ ရုပ်မြင်ထောက်ကူပစ္စည်းကို ဘယ်လို မိတ်ဆက်ရတယ်ဆိုတာရယ် ဇယားကွက်နဲ့ဖေါ်ပြထားတဲ့ အချက်အလက်တွေကို ဘယ်လိုပြောင်းရမလဲ ဆိုတာရယ် ရုတ်တရက် မေးခွန်းဘယ်လိုမေးလဲဆိုတာတွေကို လေ့လာကြမှာပါ။

ပြီးရင် နံပါတ်စဉ် တပ်ထားတဲ့ အချက်အလက် တွေကို ဘယ်လိုရှင်းပြရမလဲဆိုတာလဲ လေ့လာကြပါမယ်။

သင်ခန်းစာ 16 - ရှင်းလင်းတင်ပြခြင်း အပိုင်း ၂ အဆက် Article has related ra_audio Article has related ra_download

သင်္ခန်းစာ ၁၆ မှာတော့ မေးခွန်းမေးတဲ့ကဏ္ဍကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာနဲ့ ရှင်းလင်း တင်ပြချက်တစ်ခုကို ဘယ်လိုအဆုံးသတ်မလဲဆိုတာတွေကို လေ့လာရပါမယ်။

 

သင်ခန်းစာ 17 - ညှိုနှိုင်းဆွေးနွေးခြင်း အပိုင်း ၁ Article has related ra_audio Article has related ra_download

သင်္ခန်းစာ (၁၇) မှာ အောင်မြင်တဲ့ စေ့စပ်ဆွေးနွေးမှုတွေအတွက် ဘယ်လိုပြင်ဆင် ကြမလဲဆိုတာ လေ့လာကြပါမယ်။ အပြုသဘော ဆွေးနွေးပွဲတစ်ခုကို ဘယ်လို ပြင်ဆင်ကြမလဲ၊ လေ့လာသူတွေကို ဘယ်လိုမိတ်ဆက် ပေးမလဲ အစီအစဉ်အပေါ်မှာ သဘောတူညီချက် ဘယ်လိုယူကြမလဲ ဆိုတာတွေကိုလဲ လေ့ကျင့်ကြမှာပါ။

သင်ခန်းစာ 18 - ညှိုနှိုင်းဆွေးနွေးခြင်း အပိုင်း ၁ - အဆက် Article has related ra_audio Article has related ra_download

သင်္ခန်းစာ ၁၈ မှာတော့ ကိုယ့်သဘောထားကို ဘယ်လိုပြောပြရမယ် အချက်အလက် အကြောင်းအရာတွေကို ဘယ်လို ရှင်းပြရမယ် ဆိုတာတွေအပြင် အဆိုပြုချက်တွေကို တုန့်ပြန်ရမယ့် နည်းလမ်းမျိုးစုံကိုလည်း လေ့ကျင့်ကြမှာပါ။

သင်ခန်းစာ 19 - ညှိုနှိုင်းဆွေးနွေးခြင်း အပိုင်း ၂ Article has related ra_audio Article has related ra_download

သင်္ခန်းစာ (၁၉) မှာ အပေးအယူလုပ်တာရယ် အဆိုပြုချက်တွေကို လက်ခံတာတို့   ငြင်းပယ်တာတို့ စတဲ့ အကြောင်းအရာတွေကို လေ့လာကြမှာပါ။

သင်ခန်းစာ 20 - ညှိုနှိုင်းဆွေးနွေးခြင်း အပိုင်း ၂ - အဆက် Article has related ra_audio Article has related ra_download

သင်္ခန်းစာ ၂၀ မှာတော့ ပဋိပက္ခတွေကိုဘယ်လိုကိုင်တွယ်မလဲ ညှိနှိုင်းဆွေးနွေးပွဲကို ဘယ်လိုအဆုံးသတ်မလဲ ဆိုတာ လေ့လာကြပါမယ်။

သင်ခန်းစာ 21 - မကျေနပ်ချက် ထုတ်ဖော်ခြင်းနှင့် အကြပ်အတည်းများ Article has related ra_audio Article has related ra_download

သင်္ခန်းစာ (၂၁) မှာ မှာထားတဲ့ ကုန်ပစ္စည်းတွေ ပို့လိုက်တာ နောက်ကျတာ ဒါမှမဟုတ် ငွေပေးချေတာ နောက်ကျတာကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာရယ် သတင်းဆိုးတွေကို ဘယ်လိုအကြောင်းကြားမလဲ ဘယ်လိုတုန့်ပြန်မလဲဆိုတာတွေကို လေ့လာကြပါမယ်။

သင်ခန်းစာ 22 - မကျေနပ်ချက် ထုတ်ဖော်ခြင်းနှင့် အကြပ်အတည်းများ အဆက် Article has related ra_audio Article has related ra_download

သင်္ခန်းစာ ၂၂ မှာတော့  ပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းကြမလဲ ဘယ်လို အဖြေရှာရမလဲ ဆိုတာလေ့လာကြပါမယ်။

အကြံပြုချက်ကို သဘောတူကြောင်း ဒါမှမဟုတ် သဘောမတူကြောင်း ပြသဖို့ အသုံးအနှုန်းတွေကို လေ့ကျင့်ကြမှာပါ။

သင်ခန်းစာ 23 - အောင်ပွဲခံခြင်း Article has related ra_audio Article has related ra_download

သင်္ခန်းစာ ၂၃ မှာ တစ်ယောက်ယောက်ကို ညစာစားဖို့ ဘယ်လိုဖိတ်ရမယ် ညစာစားပွဲ ဖိတ်ကြားမှုတွေကို ဘယ်လိုတုန့်ပြန်ရမယ် ဆိုတာ လေ့လာရပါမယ်။ စားသောက်ဆိုင်မှာ အစားအသောက်အတွက် အကြံပေးတာရယ် အစားအသောက်မှာတာတွေရယ်ကိုလဲ လေ့လာကြရမှာပါ။

သင်ခန်းစာ 24 - အောင်ပွဲခံခြင်း အဆက် Article has related ra_audio Article has related ra_download

သင်္ခန်းစာ ၂၄ မှာတော့ အောင်ပွဲခံတဲ့အခါမှာ ပြောလေ့ရှိတဲ့ စကားတွေ၊ ယဉ်ကျေးမှု ဓလေ့တွေကို လေ့လာရမှာ ဖြစ်သလို၊ ကုန်ကျစရိတ်တွေကို မိမိက ကျခံမယ်ဆိုရင် ဘယ်လို ပြောဆိုနိုင်သလဲ ဆိုတာတွေကို လေ့လာရမှာ ဖြစ်ပါတယ်။

သင်ခန်းစာ 25 - လေဆိပ်မှာ Article has related ra_audio Article has related ra_download

သင်္ခန်းစာ (၂၅)မှာ လေဆိပ်ကောင်တာမှာ Check In လုပ် နာမည် စာရင်းသွင်းတဲ့အခါ သုံးရတဲ့ စကားအသုံးအနှုန်းတွေကို လေ့လာရပါမယ်။

လယာဉ်ပျံခရီးစဉ် ဖျက်သိမ်းတာရယ် နောက်ကျတာရယ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေကိုလဲ လေ့လာရမှာပါ။

သင်ခန်းစာ 26 - လေဆိပ်မှာ အဆက် Article has related ra_audio Article has related ra_download

နောက်ဆုံး သင်္ခန်းစာ ၂၆ မှာတော့ ဘယ်လိုနှုတ်ဆက်ရမယ်ဆိုတာရယ်၊ အနောက်နိုင်ငံသားတွေနဲ့ စီးပွားရေးလုပ်တာနဲ့ပတ်သက်ပြီး နောက်ဆုံး အကြံပြုချက်တွေကိုလည်း လေ့လာရပါမယ်။