အခြေခံဟိုတယ်သုံး အင်္ဂလိပ်စာ

Learn English for Tourism and Hospitality

အခြေခံဟိုတယ်သုံး အင်္ဂလိပ်စာ

အခြေခံဟိုတယ်သုံးအင်္ဂလိပ်စာသင်ခန်းစာမှာ ​အခန်း ​၂၆ ​ခန်းရှိပြီး ​ဟိုတယ်အခန်းတွေကို ​ဘယ်လိုကြိုတင်မှာကြားရမလဲ၊ ​နိုင်ငံခြားဧည့်သည်တွေကို ​ဘယ်လိုလမ်းညွန်မူပေးနိုင်သလဲ၊ ​ဧည့်သည်တွေရဲ့ ​မေးခွန်းကို ​ဘယ်လိုရှင်းလင်းပြောပြရမလဲစတာတွေ၊ ​ယဉ်ကျေးမှု ​အထင်ကရနေရာတွေနဲ့ပတ်သက်ပြီး ​ဘယ်လို ​စကားလုံးအသုံးအနှုံးတွေနဲ့ ​ရှင်းလင်းပြောပြမလဲဆိုတာတွေအပြင် ​ဧည့်သည်တွေစိတ်ကျေနပ်မူမရှိတဲ့အခါ ​ဘယ်လိုဖြေရှင်းမလဲ ​စတာတွေကိုပါ ​နားဆင်ရမှာဖြစ်ပါတယ်။

သင်ခန်းစာများ

သင်ခန်းစာ 1 - တယ်လီဖုန်းပေါ်က​အခန်းကြိုတင်ဘွတ်​ကင်​လက်ခံခြင်း​(အပိုင်း ၁) Article has related ra_audio Article has related ra_download

ဒီသင်ခန်းစာမှာ​ဟိုတယ်အခန်းကြိုတင်မှာတဲ့အခါ​ဘယ်လိုပြောဆိုရမလဲ၊ မိမိကိုယ်ကို တယ်လီဖုန်းထဲကနေဘယ်လိုမိတ်ဆက်မလဲ ပြီးတော့ ဧည့်သည်တွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာတွေကို လေ့လာရမှာဖြစ်ပါတယ်။

သင်ခန်းစာ 2 - တယ်လီဖုန်းပေါ်က ​အခန်းကြိုတင်ဘွတ်ကင် ​လက်ခံခြင်း ​အပိုင်း ​(၂) Article has related ra_audio Article has related ra_download

မေးခွန်းထုတ်ရာမှာ ​' နောက်ပြီးတော့' ​ဆိုတဲ့ စကားကို အသုံးပြုပြီးတာ့ ​ဘယ်လို မေးခွန်းတွေမေးနိုင်သလဲဆိုတာနဲ့ ​တစ်ယောက်ယောက်က​ 'Thank you'​ ကျေးဇူးတင်ပါတယ်'လို့ ပြောလာရင် ​ဘယ်လိုတုံ့ပြန်မလဲ ​ဆိုတာတွေကို​ လေ့လာရမှာဖြစ်ပါတယ်။

သင်ခန်းစာ 3 - ဟိုတယ်တည်းခိုရန် စာရင်းသွင်းခြင်း အပိုင်း (၁) Article has related ra_audio Article has related ra_download

ဒီသင်ခန်းစာမှာတော့ ဧည့်ကြိုဌာနမှာ ဧည့်သည်တွေရောက်လာရင် ဘယ်လို နှုတ်ဆက်ရမလဲ အခန်းနံပတ်တွေကို ဘယ်လို့ပြောရမလဲ ပြီးတော့ အင်္ဂသဒ္ဒါတွေလည်း နားဆင်ရမှာဖြစ်ပါတယ်။

 

သင်ခန်းစာ 4 - ဟိုတယ်တည်းခိုရန် စာရင်းသွင်းခြင်း အပိုင်း (၂) Article has related ra_audio Article has related ra_download

ဧည့်ကြိုဌာနမှာ ဧည့်သည်တွေရောက်လာရင်ဘယ်လို နှုတ်ဆက်ရမလဲ ဆိုတာကို လေ့လာရမှာဖြစ်ပါတယ်။ 

သင်ခန်းစာ 5 - အကြံဥာဏ်ပေးခြင်း (အပိုင်း-၁) Article has related ra_audio Article has related ra_download

ဧည့်သည်တွေက အကြံဥာဏ်တောင်းခံလာရင် ဘယ်လို အကြံပေးရမလဲ၊ အင်္ဂလိပ်စကားပြော ဧည့်သည်တွေကို ဘယ်လိုကြိုဆို ပြောဆိုရမလဲဆိုတာတွေကို လေ့လာရမှာဖြစ်ပါတယ်။

သင်ခန်းစာ 6 - အကြံဥာဏ်ပေးခြင်း (အပိုင်း - ၂) Article has related ra_audio Article has related ra_download

ဧည့်သည်တွေ စားသောက်ဆိုင်မှာ ဘယ်လိုအစားအစာမှာသလဲ၊ ဧည့်သည်တွေကမေးမြန်းလာရင် ဘယ်လို အစားအသောက်ကောင်းတွေ အကြံပေးမလဲဆိုတာတွေကို လေ့လာရမှာဖြစ်ပါတယ်။

သင်ခန်းစာ 7 - စားသောက်ဆိုင်မှာ (အပိုင်း - ၁) Article has related ra_audio Article has related ra_download

အင်္ဂလိပ်စကားပြော ဧည့်သည်တွေမှာ ပြဿနာ တစုံတရာရှိခဲ့ရင် ဘယ်လို မေးမြန်းစုံစမ်းမလဲ၊ အမှားအယွင်းရှိရင် ဘယ်လို တောင်းပန်မလဲ စတာတွေကို လေ့လာသွားမှာ ဖြစ်ပါတယ်။

သင်ခန်းစာ 8 - စားသောက်ဆိုင်မှာ (အပိုင်း - ၂) Article has related ra_audio Article has related ra_download

ဧည့်သည်တွေဘာလိုအပ်နေတာလဲဆိုတာ ဘယ်လိုမေးရမလဲဆိုတာ လေ့ကျင့်သွားမယ့်အပြင် ငွေရှင်းဖြတ်ပိုင်းနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ဘယ်လိုရှင်းပြနိုင်သလဲဆိုတာကိုပါ လေ့လာသွားရမှာပါ။

သင်ခန်းစာ 9 - လမ်းညွှန်ခြင်း (အပိုင်း - ၁) Article has related ra_audio Article has related ra_download

လမ်းညွှန်ပြတဲ့အခါ ဘယ်လိုပြောရမလဲ၊ ဘယ်လို အကြံဥာဏ်ပေးနိုင်လဲဆိုတာတွေအပြင်  တခြားသူတစ်ယောက်ယောက်ကမေးလာရင် ဘယ်လိုရှင်းလင်းအောင်ပြောပြရမလဲဆိုတာကိုပါ လေ့လာသွားမှာဖြစ်ပါတယ်။

သင်ခန်းစာ 10 - လမ်းညွှန်ခြင်း (အပိုင်း - ၂) Article has related ra_audio Article has related ra_download

အငှားကားမောင်းသူတစ်ယောက်အနေနဲ့ မိမိကားကို ငှားစီးလာတဲ့ အင်္ဂလိပ်စကားပြော ခရီးသည်တွေကို ဘယ်လို စကားပြောဆိုရမလဲဆိုတာ လေ့လာသွားမှာဖြစ်ပါတယ်။

သင်ခန်းစာ 11 - ဈေးဝယ်ထွက်ခြင်း (အပိုင်း - ၁) Article has related ra_audio Article has related ra_download

အဝတ်အစားတွေနဲ့ ပတ်သက်ပြီး ဘယ်လိုရှင်းပြမလဲ၊ ဘယ်လောက်ကျသင့်လဲဆိုတာ ဘယ်လိုပြောမလဲ၊ ဈေးဝယ်သူ စမ်းဝတ်ကြည့်လို့ရကြောင်း ဘယ်လိုပြောမလဲ စတာတွေကို လေ့လာသွားမှာဖြစ်ပါတယ်။

သင်ခန်းစာ 12 - ဈေးဝယ်ထွက်ခြင်း (အပိုင်း - ၂) Article has related ra_audio Article has related ra_download

ဈေးဝယ်သူတွေ ဆုံးဖြတ်ချက်ချဖို့ စဉ်းစားနေချိန်မှာ မိမိအနေနဲ့ စောင့်နေနိုင်တဲ့အကြောင်း ဘယ်လိုပြောပြနိုင်သလဲ လေ့လာသွားမှာဖြစ်ပါတယ်။

သင်ခန်းစာ 13 - ခရီးသွားလမ်းညွှန်ခြင်း (အပိုင်း - ၁) Article has related ra_audio Article has related ra_download

ပြီးခဲ့တဲ့ သင်ခန်းစာတွေမှာ လေ့လာခဲ့တာတွေကို ပြန်ပြီး လေ့လာသွားမှာဖြစ်ပါတယ်။ Can I help you? အစရှိတဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအတွက် အသုံးဝင်တဲ့ စကားစုတွေကို လေ့လာသွားမှာ ဖြစ်ပါတယ်။

သင်ခန်းစာ 14 - ခရီးသွားလမ်းညွှန်ခြင်း (အပိုင်း - ၂) Article has related ra_audio Article has related ra_download

မိမိကိုယ်ကိုမိမိ ဘယ်လိုမိတ်ဆက်ရာမှာ ဘယ်လိုနည်းတွေနဲ့ မိတ်ဆက်နိုင်သလဲ လေ့လာသွားမှာဖြစ်ပါတယ်။

သင်ခန်းစာ 15 - ခရီးသွားလာဖို့ ဆွေးနွေးခြင်း (အပိုင်း - ၁) Article has related ra_audio Article has related ra_download

အင်္ဂလိပ်စကားပြော ဧည့်သည်တွေနဲ့ ခရီးသွားလာဖို့ ဘယ်လိုဆွေးနွေးနိုင်သလဲဆိုတာ လေ့လာသွားမှာ ဖြစ်ပါတယ်။

သင်ခန်းစာ 16 - ခရီးသွားလာဖို့ ဆွေးနွေးခြင်း (အပိုင်း - ၂) Article has related ra_audio Article has related ra_download

ခရီးစဉ်ရေးဆွဲရာမှာ ဘယ်လိုဆွေးနွေးရမလဲ၊ ဘယ်လို အကြံပေးရမလဲဆိုတာတွေကို လေ့ကျင့်သွားမှာဖြစ်ပါတယ်။

သင်ခန်းစာ 17 - သင်္ဘောပေါ်မှာ (အပိုင်း - ၁) Article has related ra_audio Article has related ra_download

ဧည့်သည်တွေလုံခြုံ အန္တာရယ်ကင်းရှင်းရေးအတွက် ဂရုပြုကြဖို့ ဘယ်လိုပြောမလဲ၊ သူတို့ သက်တောင့်သက်သာရှိမရှိသရအောင် ဘယ်လိုမေးမြန်းမလဲ ဆိုတာတွေကို လေ့လာသွားမှာဖြစ်ပါတယ်။

သင်ခန်းစာ 18 - သင်္ဘောပေါ်မှာ (အပိုင်း - ၂) Article has related ra_audio Article has related ra_download

အင်္ဂလိပ်စကားပြောဧည့်သည်တွေကို အစားအစာတွေနဲ့ ပတ်သက်ပြီး ဘယ်လို အကြံဥာဏ်ပေးမလဲ၊ နားလည်မှုလွဲတာတွေရှိနေရင် ဘယ်လိုရှင်းပြရမလဲဆိုတာတွေကို လေ့လာသွားမှာဖြစ်ပါတယ်။

သင်ခန်းစာ 19 - မီးအလှထွန်းပွဲတော်မှာ (အပိုင်း - ၁) Article has related ra_audio Article has related ra_download

ယဉ်ကျေးမှု အထင်ကရနေရာတွေနဲ့ပတ်သက်ပြီး ဘယ်လို စကားလုံးအသုံးအနှုံးတွေနဲ့ ရှင်းလင်းပြောပြမလဲ၊ ခရီးသွားအုပ်စုအတွက် ဆုံမှတ်နေရာကို ဘယ်လိုစီစဉ်ထားမလဲ စတာတွေကို လေ့လာသွားမှာဖြစ်ပါတယ်။

သင်ခန်းစာ 20 - မီးအလှထွန်းပွဲတော်မှာ (အပိုင်း - ၂) Article has related ra_audio Article has related ra_download

မိမိကို တစ်ယောက်ယောက်က ချီးကျူးလာရင် ဘယ်လိုတုံ့ပြန်ပြောဆိုရမလဲ၊ ဒဏ္ဍာရီပုံပြင်တွေကို ဘယ်လိုပြောဆိုရမလဲ၊ အခြေအနေတစ်ခုကြောင့် စိတ်ရှုပ်နေတဲ့ ဧည့်သည်တွေကို ဘယ်လိုနှစ်သိမ့်ရမလဲ စတာတွေကို လေ့လာရမှာဖြစ်ပါတယ်။

သင်ခန်းစာ 21 - ပြဿနာဖြေရှင်းခြင်း (အပိုင်း - ၁) Article has related ra_audio Article has related ra_download

စိုးရိမ်တကြီးဖြစ်နေတဲ့ ဧည့်သည်တစ်ယောက်ကို အင်္ဂလိပ်စကားအသုံးပြုပြီး ဘယ်လိုနှစ်သိမ့်အားပေးမလဲ ဆိုတာ လေ့လာသွားမှာဖြစ်ပါတယ်။

သင်ခန်းစာ 22 - ပြဿနာဖြေရှင်းခြင်း (အပိုင်း - ၂) Article has related ra_audio Article has related ra_download

စိုးရိမ်တကြီးဖြစ်နေတဲ့ အင်္ဂလိပ်စကားပြော ဧည့်သည်တစ်ယောက်ကို ဘယ်လိုနှစ်သိမ့်အားပေးမလဲ ဆိုတာ လေ့လာသွားမှာဖြစ်ပါတယ်။

သင်ခန်းစာ 23 - ဟိုတယ်မှ ပြန်လည်ထွက်ခွါခြင်း (အပိုင်း - ၁) Article has related ra_audio Article has related ra_download

ဧည့်သည်တွေ ဟိုတယ်က ပြန်လည်ထွက်ခွါတဲ့အခါ အသုံးပြုနိုင်တဲ့ စကားလုံး အသုံးအနှုံးတွေကို လေ့လာသွားမှာဖြစ်ပါတယ်။

သင်ခန်းစာ 24 - ဟိုတယ်မှ ပြန်လည်ထွက်ခွါခြင်း (အပိုင်း - ၂) Article has related ra_audio Article has related ra_download

ဧည့်သည်တွေ ဟိုတယ်မှ ပြန်လည်ထွက်ခွါတဲ့အခါမှာ ပြောဆိုရတဲ့ အသုံးဝင် စကားလုံး အသုံးအနှုံးတွေကို လေ့လာသွားမှာဖြစ်ပါတယ်။

သင်ခန်းစာ 25 - အလုပ်အင်တာဗျူး (အပိုင်း - ၁) Article has related ra_audio Article has related ra_download

အလုပ်အင်တာဗျူးဖြေဆိုရာမှာ ကောင်းမွန်စွာဖြေဆိုနိုင်ဖို့အတွက် လိုအပ်တဲ့ အင်္ဂလိပ်စာအသုံးအနှုံးတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ အသုံးအနှုံးတွေကို လေ့လာသွားမှာဖြစ်ပါတယ်။

သင်ခန်းစာ 26 - အလုပ်အင်တာဗျူး (အပိုင်း - ၂) Article has related ra_audio Article has related ra_download

အလုပ်အင်တာဗျူးဖြေဆိုရာမှာ ကောင်းမွန်စွာဖြေဆိုနိုင်ဖို့အတွက် လိုအပ်တဲ့ အင်္ဂလိပ်စာအသုံးအနှုံးတွေနဲ့ သြစတြေးလျနိုင်ငံ အပါအဝင် အနောက်နိုင်ငံတွေက အင်တာဗျူးတွေ ဖြေဆိုရာမှာ အသုံးဝင်တဲ့ ယဉ်ကျေးမှုဆိုင်ရာ အသုံးအနှုံးတွေကို လေ့လာသွားမှာဖြစ်ပါတယ်။