On air highlights

ထူးခြားကဏ္ဍ

ရေဒီယို အသံလွှင့်အစီအစဉ်များမှ သတင်း၊ မျက်မှောက်ရေးရာ၊ အင်တာဗျူးနှင့် အခြားအစီအစဉ်များကို နားဆင်နိုင်ပါသည်။

အွန်လိုင်းပေါ်က ရေပန်းစား အကြောင်းအရာ (၁၅)

နောက်ဆုံးရေးသားချိန် 24 May 2013, 10:46 AEST

ဒီတပတ် အွန်လိုင်းပေါ်က လူပြောများ ရေပန်းစားတဲ့ အကြောင်းအရာ ဆွေးနွေးခန်းမှာ သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်တဲ့အကြောင်း၊ အမေရိကန်နိုင်ငံ အိုကလာဟိုးမားမြို့မှာ ဝင်ရောက်ခဲ့တဲ့ လေဆင်နှာမောင်းအကြောင်းနဲ့ သီရိလင်္ကာနိုင်ငံက တာမီးလ်လူမျိုး အမျိုးသမီးတစ်ဦးကို သြစတြေးလျနိုင်ငံ လုံခြုံရေးအတွက်စိုးရိမ်ရသူလို့ သြစတြေးလျထောက်လှမ်းရေးက ယူဆပြီး သြစတြေးလျမှာ အခြေချခွင့် ပိတ်ပင်ခဲ့ပေမယ့် ခုအခါမှာ လုံခြုံရေးအတွက် မစိုးရိမ်ရသူလို့ ပြန်ပြောင်းသတ်မှတ်ပြီးတဲ့နောက် အလားတူ အခြေအနေမှာ ရောက်နေတဲ့ ခိုလှုံခွင့်တောင်းလိုသူတွေအတွက် မျော်လင့်ချက် ရောင်ခြည် သန်းလာရတဲ့အကြောင်း ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါပြီ။

မေလ ၂၄ရက် အစီအစဉ်

နောက်ဆုံးရေးသားချိန် 24 May 2013, 11:00 AEST

၂၀၁၃ ခုနှစ် မေလ ၂၄ ရက် သောကြာနေ့ သတင်းအစီအစဉ်မှာ မြန်မာ၊ သြစတြေးလျနိုင်ငံနဲ့ ဒေသတွင်းက နောက်ဆုံးရသတင်းတွေရဲ့ သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက် ကဏ္ဍကို နားဆင်ရမှာ ဖြစ်ပါတယ်။ သတင်းပေးပို့ချက်တွေ ပြီးတဲ့နောက်မှာတော့ သောကြာနေ့တိုင်း ထုတ်လွင့်နေကြ ရေဒီယိုဆုလက်ဆောင်ပေးတဲ့ အစီအစဉ်နဲ့ စာရေးလာတဲ့ သောတရှင်တွေရဲ့ စာကို ဖတ်ကြား ပြန်ကြားမှာ ဖြစ်ပါတယ်။

Kyaw Min Zaw

ရေဒီယိုဆုလက်ဆောင် ကဏ္ဍ (အမှတ် ၁၅၁)

နောက်ဆုံးရေးသားချိန် 24 May 2013, 9:16 AEST

ဒီတပတ်မှာတော့ မှော်ဘီမြို့၊ ဝါးနက်ချောင်းရွာက သောတရှင် တစ်ဦးက ရေဒီယို ဆုလက်ဆောင် ရရှိသွားပါတယ်။ ရေဒီယို ဆုလက်ဆောင်ပေးတဲ့ အစီအစဉ်အပြင် စာရေးလာတဲ့ သောတရှင်တွေရဲ့ စာကို ဖတ်ကြား၊ ပြန်ကြားတာကိုလည်း နားဆင်နိုင်ပါပြီ။

Fortuna Villa

မိုင်းတွင်းဘုရင် ဂျော့ဂ်ျလန်ဆဲလ်နဲ့ သူရဲ့စံအိမ်အကြောင်း

နောက်ဆုံးရေးသားချိန် 23 May 2013, 9:40 AEST

သောတရှင်တချို့ကနေ ​သြစတြေးလျနိုင်ငံအကြောင်း ​တွေကို ​တင်ပြဖို့ ​တောင်းဆိုလာတဲ့အတွက် ​ဗီတိုးရီးယားပြည်နယ်က ​ရွှေတွေထွက်တဲ့ ​မြို့ငယ်တမြို့ရဲ့အကြောင်း၊ ​အဲဒီမြို့ငယ်က ​မိုင်းတွင်းဘုရင် ​သန်းကြွယ်သူဌေးတစ်ဦးရဲ့ ​သမိုင်း ​အကြောင်းနဲ့ ​သူနေထိုင်ခဲ့တဲ့ ​စံအိမ်ကြီးအကြောင်းတွေကို ​တင်ဆက်သွားမှာ ​ဖြစ်ပါတယ်။

မေလ ၂၃ ရက် အစီအစဉ်

23 May 2013, 9:34 AEST

၂၀၁၃ ခုနှစ် မေလ ၂၃ ရက် ကြာသပတေးနေ့ သတင်းအစီအစဉ်မှာ မြန်မာ၊ သြစတြေးလျနဲ့ ကမ္ဘာတလွှားက နောက်ဆုံးရသတင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။ သတင်းတွေပြီးတဲ့နောက်မှာတော့ ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေကြ ဟိုတယ်သုံးအင်္ဂလိပ်စာ သင်ခန်းစာ မတိုင်ခင်၊ သောတရှင်တချို့ကနေ သြစတြေးလျနိုင်ငံအကြောင်း တွေကို တင်ပြဖို့ တောင်းဆိုလာတဲ့အတွက် ဗီတိုးရီးယားပြည်နယ်က ရွှေတွေထွက်တဲ့ မြို့ငယ်တမြို့ရဲ့အကြောင်း၊ အဲဒီမြို့ငယ်က မိုင်းတွင်းဘုရင် သန်းကြွယ်သူဌေးတစ်ဦးရဲ့ သမိုင်း အကြောင်းနဲ့ သူနေထိုင်ခဲ့တဲ့ စံအိမ်ကြီးအကြောင်းတွေကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

Image: Person in bookshop with shelves full of colourful books Image 2011-02-18

McClean's ရေးတဲ့ မြန်မာပြည် အကြောင်း

နောက်ဆုံးရေးသားချိန် 22 May 2013, 9:02 AEST

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံခြား ဘာသာစကားတွေနဲ့ ရေးသားကြသူတွေထဲက ထင်ရှားတဲ့ စာရေးဆရာ Rory McClean အကြောင်းတွေကို ကိုမြတ်မင်းက တင်ဆက်ထားပါတယ်။

Formula one photos by Joe

တပတ်အတွင်း အားကစားသတင်း (မေလ ၂၂ ရက်)

နောက်ဆုံးရေးသားချိန် 22 May 2013, 8:54 AEST

ဒီတပတ်အတွက် အားကစားသတင်းပဒေသာကဏ္ဍမှာတော့ ၂၀၁၄ ခုနှစ် ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော် စည်ကားအောင် စွမ်းဆောင်ပေးမယ့် ရုရှားသမ္မတအကြောင်း၊ ဖော်မြူလာ ဝမ်း အမြန်ကားမောင်းပြိုင်ပွဲကို Honda အသင်း ပြန်ဝင်တော့မယ့်အကြောင်း၊ ဘောလုံးလောကကို ကျောခိုင်းသွားကြတဲ့ မန်ချက်စတာယူနိုက်တက်က အကျော်အမော်တွေအကြောင်းအပြင် စက်ဘီးစီး၊ အပြေးပြိုင်ပွဲ၊ တင်းနစ် အစရှိတဲ့ ကဏ္ဍစုံ အားကစားသတင်းတွေကို ဦးကျော့မောင်က တင်ဆက်ထားပါတယ်။

radio studio

မေလ ၂၂ ရက် အစီအစဉ်

နောက်ဆုံးရေးသားချိန် 22 May 2013, 9:14 AEST

၂၀၁၃ ခုနှစ် မေလ ၂၂ ရက် ဗုဒ္ဓဟူးနေ့ အစီအစဉ်မှာ မြန်မာ၊ သြစတြေးလျနဲ့ ကမ္ဘာတလွှားက သတင်းတွေနဲ့ အတူ သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

သတင်းပေးပို့ချက်တွေ ပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံအကြောင်းတွေကို ရေးသားတဲ့ နာမည်ကျော် စာရေးဆရာ Rory McClean အကြောင်း တင်ပြချက်နဲ့ အားကစား သတင်းပဒေသာတွေကို နားဆင်နိုင်ပါပြီ။

ဥမ္မာမြင့်မြတ်နဲ့ ထွန်းအိန္ဒြာဝေ-ohnmar myint myat and tun eindra wai

MITVက ထွန်းအိန္ဒြာဝေနဲ့ သြစီမီဒီယာ

နောက်ဆုံးရေးသားချိန် 21 May 2013, 9:27 AEST

မကြာသေးခင်ကပဲ မြန်မာနိုင်ငံ MITV က မထွန်းအိန္ဒြာဝေနဲ့ မဥမ္မာမြင့်မြတ်တို့နှစ်ယောက် သြစတြေးလျနိုင်ငံ မီဒီယာကို လေ့လာဖို့ အလုပ်သင်ဆု ရရှိခဲ့ပါတယ်။ သြစတြေးလျနိုင်ငံရဲ့ နှစ်ပတ်ကြာ ခရီးစဉ်အတွင်း သတင်းဌာနတချို့က အထင်ကရ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခွင့်ရခဲ့ကြသလို သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနဲ့ လွှတ်တော်အမတ်တချို့ကိုလည်း တွေ့ဆုံခွင့် ရခဲ့တဲ့အတွက် သူတို့ရဲ့ အတွေ့အကြုံအကြောင်းနဲ့ ပတ်သက်ပြီး ပြောပြဖို့ မေးမြန်းတဲ့အခါ မထွန်းအိန္ဒြာဝေက ပြောပြခဲ့တာတွေကို နားဆင်နိုင်ပါပြီ။

မေလ ၂၁ရက် အစီအစဉ်

21 May 2013, 9:35 AEST

၂၀၁၃ခုနှစ် မေလ ၂၁ရက် အင်္ဂါနေ့ သတင်းအစီအစဉ်မှာ မြန်မာ၊ သြစတြေးလျနိုင်ငံနဲ့ ကမ္ဘာတလွှားက နောက်ဆုံးရ သတင်းတွေနဲ့ မခင်မာဝင်းက ရန်ကုန်မြို့ကနေ ပေးပို့တဲ့သတင်းကို နားဆင်မှာ ဖြစ်ပါတယ်။ သတင်းတွေပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံကနေ သြစတြေးလျ မီဒီယာအကြောင်းကို လာရောက်လေ့ဖို့အတွက် လေ့လာရေးဆု ရရှိခဲ့တဲ့ MITV က မထွန်းအိန္ဒြာဝေရဲ့ သြစတြေးလျနိုင်ငံ ခရီးစဉ်အကြောင်း၊ သြစတြေးလျနိုင်ငံ မီဒီယာအကြောင်းတွေကို မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ် ပြောပြထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

ဆီးကျိတ်ကင်ဆာနဲ့ ကုသနည်းသစ်

နောက်ဆုံးရေးသားချိန် 20 May 2013, 10:31 AEST

ကျန်းမာရေးကဏ္ဍမှာ ဆီးကျိတ်ကင်ဆာနဲ့ ပတ်သက်ပြီး ကုသဖို့ နည်းလမ်းသစ်တွေ ရှာဖွေတွေ့ရှိတဲ့အကြောင်း၊ တကယ်တမ်း တိုးတက်မှု ရှိမရှိ ဆိုတဲ့အကြောင်း ဒေါက်တာမြင့်ထွန်းက ရှင်းပြထားတာတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

မေလ ၂၀ရက် အစီအစဉ်

20 May 2013, 10:22 AEST

၂၀၁၃ ခုနှစ် မေလ ၂၀ ရက်၊ တနင်္လာနေ့ သတင်းအစီအစဉ်မှာ မြန်မာ၊ သြစတြေးလျနဲ့ ဒေသတွင်းက နောက်ဆုံးရသတင်းတွေ အပါအဝင် သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။ သတင်းပေးပို့ချက်တွေ ပြီးတဲ့နောက်မှာတော့ ကျန်းမာရေးကဏ္ဍမှာ ဆီးကျိတ်ကင်ဆာနဲ့ ပတ်သက်ပြီး ကုသဖို့ နည်းလမ်းသစ်တွေ ရှာဖွေတွေ့ရှိတဲ့အကြောင်း၊ တကယ်တမ်း တိုးတက်မှု ရှိမရှိ ဆိုတဲ့အကြောင်း ဒေါက်တာမြင့်ထွန်းက ရှင်းပြထားတာတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

အွန်လိုင်းပေါ်က ရေပန်းစား အကြောင်းအရာ (၁၄)

နောက်ဆုံးရေးသားချိန် 17 May 2013, 10:10 AEST

ရေဒီယိုသြစတြေးလျက အပတ်စဉ်တင်ဆက်နေကျ အင်တာနက်အွန်လိုင်းပေါ်က လူပြောများ ရေးပန်းစား အစီအစဉ်ကို ဒီတပတ်အတွက် လူပြောများတဲ့အကြောင်းအရာတွေကတော့ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိန္ဒိယ နိုင်ငံကို ၀င်ရောက်တိုက်ခတ်သွားတဲ့ မဟာစင် ဆိုင်ကလုံးမုန်တိုင်း အကြောင်းအပါအ၀င် သြစတြေးလျနိုင်ငံမှာ အစိုးရက ဘတ်ဂျက်ငွေ ၁၈ဘီလီယံ  လိုငွေပြနေတဲ့အပေါ် ဝေဖန်မှုအကြောင်းတွေကို ရေဒီယို သြစတြေးလျ ဝိုင်းတော်သားနဲ့အတူ ဧည့်သည်တဦးလည်း ပါဝင် ဆွးနွေးထားတာတွေကို တင်ပြထား တာဖြစ်ပါတယ်။

ရေဒီယိုဆုလက်ဆောင် ကဏ္ဍ (အမှတ် ၁၅၀)

16 May 2013, 13:53 AEST

သောတရှင်များရှင် သောကြာနေ့တိုင်း တင်ဆက်ပေးနေကြ ရေဒီယိုဆုလက်ဆောင်ကဏ္ဍနဲ့ သောတရှင်တွေ ရေးလာတဲ့စာတွေကို ဖတ်ကြားပြန်ကြားပေးတဲ့ အစီအစဉ်ကိုတင်ဆက်ပေးတာဖြစ် ပါတယ်။ ဒီတပတ်အတွက် ဘယ်သောတရှင်က ရေဒီယိုဆုလက်ဆောင် ရရှိသွားသလဲဆိုနာကို နားဆင်နိုင်ပါပြီ။

မေလ ၁၇ရက် အစီအစဉ်

နောက်ဆုံးရေးသားချိန် 17 May 2013, 9:49 AEST

၂၀၁၃ ခုနှစ် မေလ  ၁၇ရက် သောကြာနေ့ သတင်းအစီအစဉ်မှာ ကြားကြရမှာက မြန်မာ သြစတြေးလျနိုင်ငံနဲ့ေးသတွင်း က  နောက်ဆုံးရသတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။ သတင်းတွေပြီးတဲ့နောက်မှာတော့ ရေဒီယို သြစတြေးလျ သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက် ကဏ္ဍဖြစ်ပါတယ်။  သတင်းပေးပို့ချက်ကဏ္ဍ ပြီးတဲ့ နောက်မှာ ရေဒီယိုသြစတြေးလျကို စာရေးသားလာတဲ့ သောတရှင်တွေရဲ့ စာကို  ပြန်ကြားခန်း နဲ့ ရေဒီယိုဆုလက်ဆောင်ကဏ္ဍ အစီအစဉ်ဘဲ ဖြစ်ပါတယ်။ သောတရှင် ရေးသားလာတဲ့ စာတွေ ထဲ က စာတစောင်ကိုရွေးပြီး ရေဒီယိုတလုံး ဆုချမှာဖြစ်တဲ့အတွက် ဒီတပါတ်ထဲမှာ ဘယ်သူကံကောင်းမလဲဆိုတာကို မြန်မာ နိုင်ငံက အလည်အပတ်ခေတ္တ ရောက်ရှိ နေတဲ့ ဧည့်သည်တော်တွေက ပါဝင် ဖတ် ကြား ကြေငြာပေး ဖို့ ရှိ တဲ့ အတွက် စောင့်မျှော်နား ဆင်ကြပါလို့  ပရိသတ်တွေကို ဖိတ်ခေါ်ပါတယ်။

တရုတ်နဲ့ သြစီ ဆက်ဆံရေး

နောက်ဆုံးရေးသားချိန် 16 May 2013, 10:01 AEST

တရုတ်နိုင်ငံက အင်အားကြီးမားလာတာနဲ့အမျှ သြစတြေးလျနိုင်ငံက တရုတ်နိုင်ငံအပေါ် ပြုပြင်ပြောင်းလဲ ဆက်ဆံရတော့မှာဖြစ်တဲ့အကြောင်းတွေကို တင်ဆက်ပေးထားတာ ဖြစ်ပါတယ်။

မေလ ၁၆ရက် အစီအစဉ်

16 May 2013, 10:00 AEST

၂၀၁၃ ခုနှစ် မေလ ၁၆ ရက် ကြာသာပတေးနေ့ သတင်းအစီအစဉ်မှာ ကြားကြရမှာက မြန်မာ သြစတြေးလျနိုင်ငံနဲ့ ကမ္ဘာတလွှားက  နောက်ဆုံးရသတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။ သတင်းတွေပြီးတဲ့နောက်မှာ သတင်းထောက်တွေ ရဲ့သတင်းပေး ပို့ချက်ကဏ္ဍဖြစ်ပါတယ်။ သတင်းတွေပြီးတဲ့နောက်မှာတော့ ကြာသာပတေးနေ့တိုင်း တင်ဆက်ပေးတဲ့ အင်္ဂလိပ်စာ သင်ခန်းစာ မတင်ဆက်မည် တရုတ်နိုင်ငံက အင်အားကြီးမားလာတာနဲ့အမျှ သြစတြေးလျနိုင်ငံက တရုတ်နိုင်ငံအပေါ် ပြုပြင်ပြောင်းလဲ ဆက်ဆံရတော့မှာဖြစ်တဲ့အကြောင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

U Kyaw Thu

ရုပ်ရှင်မရိုက်တော့တဲ့ ရုပ်ရှင်မင်းသား

နောက်ဆုံးရေးသားချိန် 14 May 2013, 12:42 AEST

သောတရှင်များရှင် မကြာသေးခင်ကပဲ နာရေးကူညီမှုအသင်း-ရန်ကုန်က ဥက္ကဌ ဦးကျော်သူနဲ့ ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ (ခေါ်) ရွှေဇီးကွက်တို့ဟာ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ကို ရောက်ရှိခဲ့ပြီး မဲလ်ဘုန်းမြို့မှာရှိတဲ့ မြန်မာမိသားစုများနဲ့တွေ့ဆုံကာ နာရေးကူညီမှုအသင်းအတွက် ရန်ပုံငွေလှူဒါန်းပွဲ တွေပြုလုပ်ခဲ့ပါတယ်။ ခေတ္တ မဲလ်ဘုန်းမြို့ကို ရောက်ရှိလာတဲ့ ဦးကျော်သူကို နာရေးကူညီမှုအသင်းက ကြုံရတဲ့ အခက်အခဲ အကြောင်းတွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တဦးဖြစ်ပြီး ရုပ်ရှင်လုပ်ငန်း ရိုက်ခွင့်ပိတ်ပင်ခံရတဲ့အပေါ် ခံစားချက် တွေကို တွေ့ဆုံမေးမြန်းတာကို တင်ဆက်ပေးတာဖြစ်ပါတယ်။

President Roger Federer would not reveal any details of what was discussed in the players council meeting.

တပတ်အတွင်း အားကစားသတင်း (မေလ ၁၅ရက်)

နောက်ဆုံးရေးသားချိန် 14 May 2013, 12:18 AEST

သောတရှင်များရှင် ဦးကျော့်မောင်ရဲ့ တပတ်အတွင်း အားကစားသတင်းကို တင်ဆက်ပေးထားတာဖြစ်ပါတယ်။

မေလ ၁၅ရက် အစီအစဉ်

နောက်ဆုံးရေးသားချိန် 15 May 2013, 10:58 AEST

၂၀၁၃ ခုနှစ် မေလ ၁၅ရက် ဗုဒ္ဓဟူးနေ့ သတင်းအစီအစဉ်မှာ ကြားကြရမှာက မြန်မာ သြစတြေးလျနိုင်ငံနဲ့ ကမ္ဘာတလွှားက  နောက်ဆုံးရသတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။ သတင်းတွေပြီးတဲ့နောက်မှာ သတင်းထောက်တွေ ရဲ့သတင်းပေး ပို့ချက်ကဏ္ဍဖြစ်ပါတယ်။ သတင်းပေးပို့ချက် ကဏ္ဍတင်ပြပြီးတဲ့နောက်မှာ အပါတ်စဉ်အားကစားပဒေသာဆောင်းပါးကို မတင်ဆက်မှီ သြစတြေးလျနိုင်ငံကိုရောက်ရှိ နေတဲ့ နာရေးကူညီမှုအသင်း-ရန်ကုန် ဥက္ကဌ ရုပ်ရှင်မင်းသားဟောင်း ဦးကျော်သူနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အကြောင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

ဥမ္မာမြင့်မြတ်နဲ့ ထွန်းအိန္ဒြာဝေ-ohnmar myint myat and tun eindra wai

MITVနဲ့ တွေ့ဆုံခြင်း

21 May 2013, 9:45 AEST

MITV ရုပ်မြင်သံကြားဌာနက မဥမ္မာမြင့်မြတ်နဲ့ မထွန်းအိန္ဒြာဝေတို့က သြစတြေးလျနိုင်ငံ မီဒီယာကို လေ့လာဖို့ လေ့လာရေးဆုရရှိခဲ့ပြီး မြန်မာနိုင်ငံကနေ သြစတြေးလျနိုင်ငံကို မေလ ၅ ရက်နေ့တုန်းက ရောက်ရှိလာပြီးတော့ ခရီးစဉ်အတွင်း အေဘီစီ ရေဒီယိုသြစတြေးလျကိုလည်း လာရောက်လည်ပတ်ခဲ့ပါတယ်။ သြစတြေးလျနိုင်ငံကို ရောက်လာပြီး ၄ ရက်တာ အတောအတွင်း ကြုံတွေ့ခဲ့ရတဲ့အကြောင်းတွေကို မဥမ္မာမြင့်မြတ်နဲ့ မထွန်းအိန္ဒြာဝေတို့က ပြောပြထားတာကို နားဆင်နိုင်ပါပြီ။

မေလ ၁၄ရက် အစီအစဉ်

14 May 2013, 10:39 AEST

၂၀၁၃ ခုနှစ် မေလ ၁၄ရက် အင်္ဂါနေ့  သတင်းအစီအစဉ်မှာ ကြားကြရမှာက မြန်မာ သြစတြေးလျနိုင်ငံနဲ့ ကမ္ဘာတလွှားက  နောက်ဆုံးရသတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။ သတင်း ပြီးတဲ့နောက်မှာ သောတရှင်တွေကို ပြီးခဲ့တဲ့ သောကြာနေ့က ဂတိပေးထားတဲ့အတိုင်းသြစတြေးလျ အစိုးရရဲ့ဖိတ်ကြားချက်နဲ့ သြစတြေးလျနိုင်ငံမှာ လေ့လာရေးရောက်ရှိခဲ့ကြသူ မြန်မာ အင်တယ်နယ်ရှင်နယ် တီဗီက သတင်းကြေငြာ သူ ၂ ယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဝေ နဲ့ ဥမ္မာ မြင့်မြတ်တို့ ကို ရေဒီယို သြစတြေးလျ စတူဒီယိုကို အလည်အပတ် ရောက်တုံးရောက်ခိုက် ဝိုင်းတော်သားတွေက ဝိုင်းပြီး မေးမြန်းထားတာတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

ရေဒီယိုသြစတြေးလျ စတူဒီယိုကို ဆက်သွယ်ရန်

ရေဒီယိုတွင်​နားဆင်ရသည့်​အကြောင်းအရာနှင့်​ပတ်သက်ပြီး​ဆွေးနွေးလိုပါသလား။

SMSစာတိုရေးရန်
SMS​စာတိုကို​+၆၁​၄၂၇​၇၂​၇၂​၇၂​တွင်ပို့ရန်

တွတ်စ်လုပ်ရန်
Hashtag #raonairတွင် သင်ဆွေးနွေးလိုသည်များကိုပို့နိုင်ပါသည်။

အီးမေးလ်
သင်ဆွေးနွေးလိုသည့်​အကြောင်းအရာများကို​အီးမေးလ်​ဖြင့်ပို့ပါ။ ၎င်းကိုအသံလွင့်ရာတွင်​ဖော်ပြနိုင်ပါသည်။