Annoucement

 မြန်မာဌာန၏ ​ဝန်ဆောင်မှုများအား ​ရပ်တန့်လိုက်ပြီး ​အကြောင်းအရာများအား ​ဝဘ်ဆိုက်တွင် ​မှတ်တမ်းတင်ထားပါသည်။ http://ausp.lu/2fm5qSv တွင် လေ့လာနိုင်ပါသည်။ 

မြန်မာရဲ့ ဖူတီဘောလုံးအသင်း သို့ တိုက်ကြက်

မြန်မာရဲ့ ဖူတီဘောလုံးအသင်း သို့ တိုက်ကြက်

မြန်မာရဲ့ ဖူတီဘောလုံးအသင်း သို့ တိုက်ကြက်

နောက်ဆုံးရေးသားချိန် 27 October 2016, 18:28 AEDT

သြစတြေးလျနိုင်ငံမှာ ​ခေတ်စားတဲ့ ​ဖူတီ ​(footy) ​လို့ခေါ်တဲ့ ​ဘဲဥပုံသဏ္ဍာန် ​ဘောလုံး ​အားကစားအသင်း ​ရှိနေပြီ ​ဆိုတဲ့အကြောင်း၊ ​အဲဒီအသင်းကို ​တိုက်ကြက်လို့ ​ခေါ်တဲ့အကြောင်းနဲ့ ​အဲဒီ ​အသင်းမှာ ​ပါဝင်တဲ့ ​မြန်မာ ​ကစားသမား ​တစ်ဦးရဲ့ ​အတွေ့အကြုံအကြောင်းကို ​နားဆင်ရမှာ ​ဖြစ်ပါတယ်။ 

သြစတြေးလျမှာ ​ခေတ်စားလှတဲ့ ​AFL ​ဖူတီ ​အကြောင်း ​တစေ့တစောင်း

AFL ​ဆိုတာ ​Australian ​Football ​League ​ဖြစ်ပြီး ​ဖူတီ ​(Footy) ​ဒါမှမဟုတ် ​football ​လို့လည်း ​အတိုကောက် ​ခေါ်လေ့ရှိပါတယ်။ 
သြစတြေးလျ ​နိုင်ငံမှာ ​ဖူတီ ​အသင်း ​၁၈ ​သင်း ​ရှိပြီး ​ပြည်နယ်တိုင်းမှာ ​သူတို့ကို ​ကိုယ်စားပြုတဲ့ ​အသင်း ​အနည်းဆုံး ​တစ်သင်း ​ရှိကြပေမယ့် ​Tasmania ​တက်စမေးနီးယား ​ပြည်နယ်ကို ​ကိုယ်စားပြုတဲ့ ​အသင်းတော့ ​မရှိသေးပါဘူး။

ဆောင်းရာသီမှာ ​ကစားတဲ့ ​အားကစားဖြစ်ပြီး ​နွေဦးရာသီ ​ခုလိုချိန်မှာ ​ဖိုင်နယ်ပွဲ ​ကျင်းပလေ့ ​ရှိပါတယ်။

ဖိုင်နယ်ပွဲကို ​မဲလ်ဘုန်းမြို့က ​MCG ​လို့ခေါ်တဲ့ ​အားကစားကွင်းမှာ ​နှစ်စဉ် ​ကစားလေ့ရှိပြီး ​ပရိသတ် ​တစ်သိန်း ​(၁၀၀၀၀၀) ​လောက်ဆန့်တဲ့ ​အားကစားကွင်း ​ဖြစ်ပါတယ်။

အရင်တုန်းက ​ဖူတီပွဲအတွက် ​ရုံးတွေ ​မပိတ်ပေးခဲ့ပေမယ့် ​ပြည်သူတွေက ​တောင်းဆိုလာပြီးတဲ့နောက် ​ဗစ်တိုးရီးယား ​ပြည်နယ် ​အစိုးရက ​၂၀၁၅ ​ခုနှစ်ကစပြီး ​ဖိုင်နယ်ပွဲ ​မတိုင်ခင် ​တစ်ရက်အလို ​သောကြာနေ့ကို ​ရုံးပိတ်ရက် ​အဖြစ် ​သတ်မှတ်ပေးလိုက်ပါတယ်။

 

AFL ​တစ်သင်းမှာ ​ကစားသမား ​၂၂ ​ယောက်ရှိပြီး ​၁၈ ​ယောက်က ​ကွင်းထဲ ​ကစားပြီး ​၄ ​ယောက်ကတော့ ​သတ်မှတ်ပေးထားတဲ့ ​နေရာကနေ ​ကြိုက်တဲ့အချိန်မှာ ​ဝင်ပြီး ​အစားထိုးနိုင်ပါတယ်။

ဖူတီ ​ဘောလုံးဟာ ​လုံးဝန်းနေတာ ​မဟုတ်ပဲ ​ဘဲဥပုံသဏ္ဍာန်ကြောင့် ​ကန်ရခက်တဲ့ ​ဘောလုံး ​ဖြစ်ပါတယ်။ ​ဖူတီကွင်းကလည်း ​လေးထောင့်မဟုတ်ပဲ ​လုံးဝန်းနေပြီး ​အားကစားကွင်းတွေထဲမှာ ​အကြီးမားဆုံး ​ကွင်း ​ဖြစ်ပါတယ်။

ကစားတဲ့အခါမှာ ​ဘောလုံးနဲ့ယှဉ်ရင် ​ကြမ်းတယ်လို့ ​ပြောနိုင်ပါတယ်။ ​ပုခုံးအောက်ပိုင်းနဲ့ ​ဒူးအထက်ပိုင်း ​နေရာတွေကို ​တိုက်နိုင်သလို ​ကစားဖော်တွေ၊ ​ပြိုင်ဘက်အသင်းသားရဲ့ ​ပုခုံးကို ​ခွစီးပြီးတော့လည်း ​ဘောလုံး ​တက်ယူလို့ ​ရပါတယ်။

စည်းမျဉ်းတွေကတော့ ​သုံးခုပဲ ​ရှိပါတယ်။
- ​ဘောလုံးကို ​ယူပြီး ​ပြေးလို့ရပေမယ့် ​၁၆ ​ကိုက်မတိုင်ခင် ​တစ်ကြိမ်တော့ ​မြေကြီးနဲ့ထိအောင် ​လုပ်ရပါတယ်။
-လက်နဲ့ ​တခြားလူဆီကို ​ကမ်းပေးလို့ ​ရပါတယ်။
-ဘောလုံးကို ​ကိုင်ပြီး ​လိုရာဆီ ​ကန်ထုတ်လို့ ​ရပါတယ်။

ဂိုးတစ်ဖက်စီမှာ ​ဂိုးတိုင် ​၄ ​ခု ​ရှိပါတယ်။ ​အလည်ကို ​ဝင်ရင် ​ဂိုးဖြစ်ပြီး ​အမှတ် ​၆ ​မှတ်ရပါတယ်။
ဘေးက ​ဂိုးနှစ်ခုထဲ ​ဝင်ရင်တော့ ​behind ​လို့ခေါ်ပြီး ​၁ ​မှတ်ပဲ ​ရပါတယ်။

ဘောလုံး ​တစ်ပွဲကို ​မိနစ် ​၈၀ ​ကြာ ​ကစားရပြီး ​၄ ​ကြိမ်ခွဲကစားလို့ ​တစ်ကြိမ်မှာ ​မိနစ် ​၂၀ ​ကစားရပါတယ်။ 
ဘောလုံးလို ​မိနစ် ​၉၀ ​အတွင်း ​ကစားရတာ ​မဟုတ်ပဲ၊ ​ဘောလုံး ​အပြင်ရောက်တဲ့အခါ ​နာရီကို ​ရပ်တန့်ထားပြီး ​မိနစ် ​၂၀ ​စာ ​အပြည့် ​ကစားရလို့ ​ဘောလုံးကစားနည်းထက် ​ပိုပင်ပန်းပါတယ်။

သရေပွဲဆိုရင်တော့ ​ဘောလုံးလိုပဲ ​အချိန်ပို ​ကန်ရပြီး ​၁၀ ​မိနစ် ​ကန်ရတာ ​ဖြစ်ပါတယ်။

AFL ​မှာ ​ကစားတဲ့ ​ကစားသမား ​၉% ​ဟာ ​သြစတြေးလျ ​နိုင်ငံက ​ဌာနေတိုင်းရင်းသား ​လူမျိုးတွေ ​ဖြစ်ပြီး ​၁၄% ​ကတော့ ​တခြားနိုင်ငံကနေ ​သြစတြေးလျနိုင်ငံကို ​လာရောက် ​အခြေချနေထိုင်သူတွေကနေ ​မွေးလာတဲ့ ​တရုတ်၊ ​အာဖရိကလို ​လူမျိုးတွေ ​ဖြစ်ကြပါတယ်။

AFL ​ဟာ ​သြစတြေးလျနိုင်ငံသားတွေက ​သြစတြေးလျ ​အတွက် ​၁၈၅၉ ​ခုနှစ်ကတည်းက ​တီထွင်ပေးသလို ​ဖြစ်နေလို့ ​အမြတ်တနိုးနဲ့ ​ကစားကြတဲ့ ​ဘောလုံး ​ဖြစ်ပါတယ်။

ပရိသတ်တွေအကြား ​ရန်ဖြစ်ကြတာမျိုးတွေ ​မရှိပဲ ​မိသားစုအလိုက် ​ကိုယ်ကြိုက်နှစ်သက်ရာ ​အသင်းကို ​အားပေးပြီး ​အတူတူ ​ပွဲကြည့်နိုင်တဲ့ ​ကစားနည်း ​ဖြစ်ပါတယ်။

ရေဒီယိုသြစတြေးလျ စတူဒီယိုကို ဆက်သွယ်ရန်

ရေဒီယိုတွင်​နားဆင်ရသည့်​အကြောင်းအရာနှင့်​ပတ်သက်ပြီး​ဆွေးနွေးလိုပါသလား။

SMSစာတိုရေးရန်
SMS​စာတိုကို​+၆၁​၄၂၇​၇၂​၇၂​၇၂​တွင်ပို့ရန်

တွတ်စ်လုပ်ရန်
Hashtag #raonairတွင် သင်ဆွေးနွေးလိုသည်များကိုပို့နိုင်ပါသည်။

အီးမေးလ်
သင်ဆွေးနွေးလိုသည့်​အကြောင်းအရာများကို​အီးမေးလ်​ဖြင့်ပို့ပါ။ ၎င်းကိုအသံလွင့်ရာတွင်​ဖော်ပြနိုင်ပါသည်။