ၾသစေၾတးလ်

radio studio

မေလ ၂၂ ရက် အစီအစဉ်

22 May 2013, 9:13 AEST

၂၀၁၃ ခုနှစ် မေလ ၂၂ ရက် ဗုဒ္ဓဟူးနေ့ အစီအစဉ်မှာ မြန်မာ၊ သြစတြေးလျနဲ့ ကမ္ဘာတလွှားက သတင်းတွေနဲ့ အတူ သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

သတင်းပေးပို့ချက်တွေ ပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံအကြောင်းတွေကို ရေးသားတဲ့ နာမည်ကျော် စာရေးဆရာ Rory McClean အကြောင်း တင်ပြချက်နဲ့ အားကစား သတင်းပဒေသာတွေကို နားဆင်နိုင်ပါပြီ။

ဥမ္မာမြင့်မြတ်နဲ့ ထွန်းအိန္ဒြာဝေ-ohnmar myint myat and tun eindra wai

MITVနဲ့ တွေ့ဆုံခြင်း

21 May 2013, 9:45 AEST

MITV ရုပ်မြင်သံကြားဌာနက မဥမ္မာမြင့်မြတ်နဲ့ မထွန်းအိန္ဒြာဝေတို့က သြစတြေးလျနိုင်ငံ မီဒီယာကို လေ့လာဖို့ လေ့လာရေးဆုရရှိခဲ့ပြီး မြန်မာနိုင်ငံကနေ သြစတြေးလျနိုင်ငံကို မေလ ၅ ရက်နေ့တုန်းက ရောက်ရှိလာပြီးတော့ ခရီးစဉ်အတွင်း အေဘီစီ ရေဒီယိုသြစတြေးလျကိုလည်း လာရောက်လည်ပတ်ခဲ့ပါတယ်။ သြစတြေးလျနိုင်ငံကို ရောက်လာပြီး ၄ ရက်တာ အတောအတွင်း ကြုံတွေ့ခဲ့ရတဲ့အကြောင်းတွေကို မဥမ္မာမြင့်မြတ်နဲ့ မထွန်းအိန္ဒြာဝေတို့က ပြောပြထားတာကို နားဆင်နိုင်ပါပြီ။

ဥမ္မာမြင့်မြတ်နဲ့ ထွန်းအိန္ဒြာဝေ-ohnmar myint myat and tun eindra wai

MITVက ထွန်းအိန္ဒြာဝေနဲ့ သြစီမီဒီယာ

13 May 2013, 14:00 AEST

မကြာသေးခင်ကပဲ မြန်မာနိုင်ငံ MITV က မထွန်းအိန္ဒြာဝေနဲ့ မဥမ္မာမြင့်မြတ်တို့နှစ်ယောက် သြစတြေးလျနိုင်ငံ မီဒီယာကို လေ့လာဖို့ အလုပ်သင်ဆု ရရှိခဲ့ပါတယ်။ သြစတြေးလျနိုင်ငံရဲ့ နှစ်ပတ်ကြာ ခရီးစဉ်အတွင်း သတင်းဌာနတချို့က အထင်ကရ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခွင့်ရခဲ့ကြသလို သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနဲ့ လွှတ်တော်အမတ်တချို့ကိုလည်း တွေ့ဆုံခွင့် ရခဲ့တဲ့အတွက် သူတို့ရဲ့ အတွေ့အကြုံအကြောင်းနဲ့ ပတ်သက်ပြီး ပြောပြဖို့ မေးမြန်းတဲ့အခါ မထွန်းအိန္ဒြာဝေက ပြောပြခဲ့တာတွေကို နားဆင်နိုင်ပါပြီ။

မေလ ၃ ရက် အစီအစဉ်

3 May 2013, 10:11 AEST

၂၀၁၃ ခုနှစ် မေလ ၃ ရက်၊ သောကြာနေ့ သတင်းအစီအစဉ်မှာ မြန်မာ၊ သြစတြေးလျနိုင်ငံနဲ့ ကမ္ဘာတလွှားက နောက်ဆုံးရ သတင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

သတင်းတွေပြီးတဲ့နောက်မှာတော့ ဒီကနေ့ဟာ ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဖြစ်တဲ့အတွက် စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့အကြောင်းတွေနဲ့ သောကြာနေ့တိုင်း ထုတ်လွှင့်နေကြ ရေဒီယို ဆုလက်ဆောင်ပေးတဲ့ အစီအစဉ်နဲ့ စာရေးလာတဲ့ သောတရှင်တွေရဲ့ စာကို ဖတ်ကြား ပြန်ကြားတဲ့ အစီအစဉ်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

Image: Radio generic

ရေဒီယိုဆုလက်ဆောင် ကဏ္ဍ (အမှတ် ၁၄၈)

3 May 2013, 9:56 AEST

ဒီတပတ်အတွက် ရေဒီယို ဆုလက်ဆောင်ရရှိသွားတဲ့ သောတရှင်ကတော့ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်က ကိုထွန်းလေးပဲ ဖြစ်ပါတယ်။ အေဘီစီကို စာရေးလာတဲ့ သောတရှင်တွေရဲ့ စာကို အပတ်စဉ် သောကြာနေ့မှာ ပြန်ကြားပေးနေပြီး ရေဒီယိုတစ်လုံး ဆုလက်ဆောင်ပေးတဲ့ အစီအစဉ်ကို နားဆင်နိုင်ပါပြီ။